တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်    သြဂုတ်    ၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန ၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   ရန်ကုန်မြို့ မှ    မြဝတီမြို့သို့    မုပ္ပလင်-စွပ္ပနူး-အင်္ဂဘို ရှောင်ကွင်းလမ်းအတိုင်း မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းအား ရှောင်ကွင်းမောင်းနှင် သွားသော မော်တော်ယာဉ်နှစ်စီးအား စိမ်းလဲ့ တင်စားသောက်ဆိုင်အနီး၌ တားဆီး၍ မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်းသို့ ပို့ဆောင် ပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နှမ်းဖြူအိတ်  ၂၀၀၊ မြေပဲအိတ်    ၃၀၀     (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Van တစ်စီးနှင့် Hyundai Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကို လည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား    တင်ပြနိုင်ခြင်းမရှိသည့် Wai Wai Instant Rice Vermicelli အထုတ် ၇၅၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Higer Bus  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို   လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၄၁၃၁၀၀၀၀   ကို ဖမ်းဆီးရမိခဲ့ပြီး      အ‌ကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁ ရက်တွင် ကရင်ပြည် နယ်  တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာန်ကျပူးပေါင်း အဖွဲ့က   ကော့ကရိတ်(တံတားကျိုး)   စုပေါင်း စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြဝတီမြို့မှ ဘားအံမြို့သို့  မောင်းနှင်လာ သော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်  စာရွက်စာတမ်း    အထောက်အထား    တင်ပြ နိုင်ခြင်းမရှိသည့်   Xuemei   Monosodium Glutamate  အိတ် ၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၇၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel    တစ်စီး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း  တန်ဖိုးငွေကျပ် ၅၂၅၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အ‌ကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၂ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တော  ဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့ က ပဲခူးခရိုင်နှင့်  ညောင်လေးပင်ခရိုင်အတွင်း၌ စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် ၁၄ ဒသမ ၄၉၄   တန်နှင့်   သစ်မာ ၃ ဒသမ ၁၀၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၃၈၂၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁ ရက်နှင့် ၂ ရက်တို့ တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ်       ၁၉၉၀၄၈၂၇၂   ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။    သတင်းစဉ်