
နေပြည်တော် သြဂုတ် ၈
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံ မြို့ ကမော့ကစင်ကျေးရွာအနီး၌ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသည့် PE Slipper ဖိနပ် အရန် ၂၅၅၀၊ Lady Sandal ဖိနပ်အရန် ၇၀၀၊ Laminated Down Table အလုံး ၃၀၀ အပါအဝင် ကုန်ပစ္စည်း ၂၄ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂,၁၃၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၂,၁၃၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် တစ်လက်မ ဆင်ရုပ်အကြမ်းထည် (စကျင်ကျောက်) အခု ၄၄၀ အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၈၂၆,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၂၆,၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Flying Horse Electric Pan Cooker ၉၆ ခု အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၁၉၃,၀၆၁)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၁၉၃,၀၆၁ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့၊ အမှတ် (၄) ရပ်ကွက်၌ တရားမဝင် ရေနံစိမ်း ဂါလန် ၃၅၀ နှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်စင်မဲ့ Hyundai Starex မော်တော်ယာဉ် တစ်စီး၊ Sporter Dayan၊ Shayan နှင့် Yinxing မော်တော်ဆိုင်ကယ် သုံးစီး အပါအဝင် လုပ်ငန်းသုံး ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၂၁,၂၀၀) ကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေအရ လည်းကောင်း၊ နတ်မောက်မြို့နယ် မြို့မကွက်သစ်ရပ်ကွက်၌ တရားမဝင်သစ်မျိုးစုံ ၀ ဒသမ ၆၃၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၈၄၂)နှင့် အောင်လံ မြို့နယ် မြို့ဝင်သံလမ်းဂိတ်အနီး၌ တရားမဝင် သစ်လက်ပံခွဲသား ၀ ဒသမ ၈၅၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၅၈၄)၊ အဆိုပါသစ်များ တင်ဆောင်လာသည့် ခေါင်းနီထွန်စက် တစ်စီး (၁,၄၀၀,၀၀၀)တို့ကို သစ်တော ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၅,၆၂၆ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅,၄၇၅,၁၈၇) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်