အပြုံးပန်းတွေနဲ့ မှန်ကန်စွာ ဆက်လက်လျှောက်လှမ်း

Type

ကိုဇော်

ရုံးနားရက်    စနေနေ့မှာ   စကားဝိုင်းဖွဲ့ဆုံနေကျ လက်ဖက်ရည်ဆိုင်ကို    ချိန်းထားတဲ့အချိန်ထက် စောရောက်နေတာနဲ့  ဖုန်းသုံးရင်း သူငယ်ချင်းတွေ ကို   စောင့်နေလိုက်တယ်။    ငယ်ရွယ်စဉ်ကတော့ သီချင်းကောင်းလေးတွေ     ဖွင့်ပေးတဲ့၊    ညဘက် ဘောလုံးပွဲပြတဲ့           လက်ဖက်ရည်ဆိုင်ကိုသာ ရွေးချယ်ထိုင်ခဲ့ပေမယ့်   ဝန်ထမ်းအဖြစ်  တာဝန် ထမ်းဆောင်ကတည်းက   လက်ဖက်ရည်အရသာနဲ့    အစားအသောက်လက်ရာကောင်းပြီး    နားအေး ပါးအေး  စကားဖောင်ဖွဲ့လို့ရတဲ့ဆိုင်ကိုသာ   ဦးစား ပေး ထိုင်ဖြစ်ခဲ့တယ်။  
ဆွေးနွေးခြင်းက အကောင်းဆုံးနည်းလမ်း
လူဆိုတာကလည်း    ဆင်းရဲ၊   ချမ်းသာမရွေး စိတ်ဖိစီးမှုဆိုတာ ရှိစမြဲပါ။ လမ်းဘေးမှာ တောင်း ရမ်းစားသောက်နေရသူလည်း     မရှိခြင်းကြောင့် စိတ်ဖိစီးမှုရှိရသလို  ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး တွေမှာလည်း  စိတ်ဖိစီးမှုက  ရှောင်လွှဲလို့ရတဲ့ကိစ္စ မဟုတ်။     စိတ်ဖိစီးမှုနည်းဖို့       နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြရာမှာ  ကုန်ကျစရိတ်နည်းပြီး စကား ဝိုင်းဖွဲ့ ဆွေးနွေးငြင်းခုံခြင်းက လူငယ်လူရွယ်တွေ အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ 
လက်ဖက်ရည်ဆိုင်ရဲ့    နေရိပ်တဲ့   အပင်ရိပ် အောက်မှာ ဖုန်းသုံးနေတဲ့   ကျွန်တော့်ကို    စားပွဲထိုး ညီလေးက ‘အစ်ကို အိမ်မပြန်ဘူးလား’ လို့ မေးရင်း မှာထားတဲ့      လက်ဖက်ရည်   ကျဆိမ့်ခွက်လေးကို ကျွန်တော့်အား     လှမ်းအပေးမှာ    ‘နေဦး မင်းက ဘာလို့ အဲဒီလိုမေးတာတုံး’ လို့ ပြန်ပြောလိုက်တယ်။ လက်ဖက်ရည်ခွက်ပေးပြီးပေမယ့်    ပြောင်နေတဲ့ စားပွဲပေါ်ကို      ထပ်ခါထပ်ခါ      အဝတ်နဲ့ပွတ်ရင်း  ‘အစ်ကိုနဲ့အတူဆိုင်ထိုင်နေတဲ့ ဟိုအစ်ကိုကြီးတွေ က အိမ်ပြန်သွားကြလို့ မေးကြည့်တာ’လို့ ထပ်မေး ပြန်တယ်။ 
ရေနွေးကြမ်းငှဲ့နေတုန်း ချိန်းထားတဲ့ သူငယ် ချင်းက ရောက်လာတယ်။  ‘မောင်မျိုးက   လာမှာ မဟုတ်ဘူး၊      ဒီကောင်     အိမ်ပြန်မယ်လို့      ငါ့ကို ဖုန်းဆက်တယ်’လို့  ကျွန်တော့်ကိုပြောရင်း  ‘ငါ့ကို ချိုကျတစ်ခွက်လို့’ စားပွဲထိုးလေးကို မှာလိုက်တယ်။ ကျွန်တော်ကလည်း ‘မင်းနိုင်လည်း လာမှာမဟုတ် ဘူး၊   ပြီးမှပြောပြမယ်၊   ခုနက စားပွဲထိုးလေး  မေး တာကိုလည်း       ငါရှင်းသွားပြီ’   လို့      ပြောတော့ ကျွန်တော့်သူငယ်ချင်းကလည်း ကျွန်တော် ပြော တာကို သဘောမပေါက်ဘဲ ‘ဘာကိုလဲ ကိုဇော်’ ဆိုပြီး    ကျွန်တော့်အတွက်ယူလာတဲ့   မုန့်ထုပ်ကို လှမ်းပေးတယ်။ ‘ခုနက စားပွဲထိုးလေးက ငါ့ကို အိမ်မပြန်ဘူးလားလို့’ မေးတာကွာ။  အခု  မင်းပြော တော့မှ ရှင်းသွားပြီ။
မောင်မျိုးဆိုတာက ကျွန်တော်တို့ ဝန်ထမ်း စဖြစ်ကတည်းက       လုပ်ငန်းခွင်အတူတူဝင်တဲ့ သူငယ်ချင်း။ မကြာမီရက်ပိုင်းက Civil Disobedience Movement (CDM) မှာ   ပါဝင်သွားသူ။ မင်းနိုင်က တော့ CDM မလုပ်ဘဲ  အလုပ်မှာ   ထွက်စာတင်ပြီး သူ့နယ်မြို့လေးက   မိဘအိမ်ကို   ပြန်သွားသူ။ အခု လက်ဖက်ရည်စကားဝိုင်းမှာတော့    သူငယ်ချင်း လေးဦး ရှိရာမှာ  နှစ်ယောက်သာ ဆုံနိုင်တော့တဲ့ အနေအထား။ ‘ချိုကျ ရပါပြီဗျာ’ ဆိုပြီး ရယ်ကျဲကျဲနဲ့ လက်ဖက်ရည်ခွက်    လာချပေးရင်း  စားပွဲဝိုင်းနား ရစ်သီရစ်သီလုပ်နေ တဲ့       စားပွဲထိုးလေးနဲ့ဆိုရင်တော့    စကားဝိုင်းက   သုံးယောက်လို့ ပြောရမှာပဲ။
‘အေးကွာ၊ မောင်မျိုးနဲ့    မင်းနိုင်တို့ကို   နှမြော မိတယ်။  တစ်ယောက်က CDM လုပ်လို့ အလုပ်ပြုတ် တယ်၊ တစ်ယောက်က မလုပ်ချင်လို့ အလုပ်ထွက် တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အနေအထားတစ်ခုတော့ ပျက်သွားတာပေါ့ကွာ’လို့ ကျွန်တော်က ပြောတဲ့အခါ သူငယ်ချင်းက   ‘ကိုယ့်သမိုင်း   ကိုယ်ရေးကြတာပဲ၊ ဘာမှ စိတ်ထဲဖြစ်မနေနဲ့၊ ဟိုကောင် CDM လုပ်တာ နိုင်ငံတွေ၊   အုပ်ချုပ်တဲ့အစိုးရတွေ   ဘာဖြစ်တယ်၊ ညာဖြစ်တယ်သာ   လျှောက်ပြောနေတာ။ တကယ် တမ်းကျ နိုင်ငံရေးလည်း ဂဃနဏ နကန်းတစ်လုံးမှ မသိဘဲ    အွန်လိုင်းသတင်းတွေကိုယုံပြီး    CDM လုပ်တာပါကွာ။  မင်းလည်း သိလျက်သားနဲ့ CDM စလုပ်ခါစမှာ      တစ်ပတ်ခွင့်ယူပြီး     ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်တယ်။      ခွင့်ယူထားတဲ့ ရက် တွေမှာ  အားတဲ့အချိန်တိုင်း   အွန်လိုင်းက သတင်း တွေပဲဖတ်ပြီး    ဉာဏ်ဘယ်လောက်တိမ်သွား သလဲဆိုရင်  MRTV သတင်းကို     ဖြတ်ညှပ်ကပ် လုပ်တာတွေကအစ  ယုံပြီး   ညဘက်    အိုးခွက်တွေ   အသံမြည်အောင် တီးလိုက်၊ တစ်နေကုန် သပိတ် အဖွဲ့နဲ့  ဝေလေလေလုပ်လိုက်။ စကားကို ပြောလို့ အဆင်မပြေတော့တာ    ကိုဇော်အသိပဲလေ’ ဆိုပြီး မောင်မျိုးအကြောင်းကို ပြောပြတယ်။
ဂုဏ်သိက္ခာရှိရှိ၊ အပြုံးမပျက်
ကျွန်တော်တို့ စကားဝိုင်းက သူငယ်ချင်းဖြစ်သူ တွေအတွက်  စိတ်မကောင်းခြင်း၊   အားမရခြင်းတို့ အကြောင်း    ပြောဆိုရင်းနဲ့     အသံနှုန်းကလည်း မသိမသာမြင့်လာခဲ့တာကြောင့် ဘေးဘယ်ညာစားပွဲ ဝိုင်းတွေကလည်း   ကျွန်တော်တို့ဆီ နားစွင့်နေ ကြတာကို   သတိပြုလိုက်မိတယ်။ အနားမှာ လက် ကလေး နောက်ပစ်ရင်း နားထောင်နေတဲ့ စားပွဲထိုး လေးကို ‘မင်း ခုနက  ငါ့ကို အိမ်မပြန်ဘူးလားလို့ မေးတယ် မဟုတ်လား။   ရုံးပိတ်ရက်ကျရင်   ငါ အိမ်ပြန်မှာပါ။ ဒါပေမယ့်    ငါ့သူငယ်ချင်းတွေလို   CDM    လုပ်လို့      အလုပ်ပြုတ်လို့၊  အစိုးရကို မကြိုက်လို့  အလုပ်ထွက်လို့   ပြန်တာမျိုးတော့  မဟုတ်ဘူးပေါ့ကွာ။ မိဘအိမ်ကို ဂုဏ်သိက္ခာရှိရှိ၊    အပြုံးမပျက်ဘဲ    ပြန်မှာ။  ကိုဗစ်ကြောင့် အမေနဲ့ အဖေဆီ မပြန်ရတာ ကြာပြီလေကွာ၊     မိဘတွေကို      ကန်တော့ဖို့   အိမ်ကိုပြန်မှာ၊    ဟုတ်ပြီလား’ လို့    ပြန်ဖြေလိုက်တယ်။  စားပွဲထိုးလေးက ‘အစ်ကိုတို့    အလုပ်တွေမထွက်ဘဲ     ဝင်ငွေရှိနေမှ   ကျွန်တော် တို့ဆိုင်ကို လာမှာ။   အစ်ကိုတို့လာပြီး    စားသောက်မှ  ကျွန်တော်တို့   ဆိုင်လည်း     ရောင်းအားကောင်းမှာ။    ရောင်းအားမကောင်းလို့      ဆိုင်ပိတ်လိုက်ရင်     ကျွန်တော်တို့လည်း  အလုပ်ပြုတ်မယ်၊  ရွာက အမေတို့ကိုလည်း      ပိုက်ဆံပြန်မပို့နိုင်ရင်   အကုန်ဒုက္ခရောက်ကြမှာ’ ဆိုပြီး         သူ့ဉာဏ်မီ သလောက် ပြန်ပြောပြတယ်။
CDM လုပ်လို့ အလုပ်ပြုတ်သွားတဲ့ မောင်မျိုးဆို တာကလည်း ‘တစ်ပတ်လောက် CDM လုပ်ပြီး ရုံးပြန် တက်တယ်။ နှစ်ပတ်လောက် ရုံးပြန်တက်ပြီး CDM ထပ်ပြန်လုပ်တယ်။ ဌာနကနေ စာထုတ်ပြီး ရုံးပြန်တက်ဖို့ခေါ်ပေမယ့်လည်း  CDM ကြိုးကိုင် သူတွေရဲ့  ဖိအားကို မလွန်ဆန်နိုင်ဘဲ တရားမဝင် အဖွဲ့အစည်းတွေရဲ့     ခြိမ်းခြောက်မှုဒဏ်တွေကြောင့် လုပ်ဖော်ကိုင်ဖက်၊ ဆရာသမားတွေအပေါ် ရိုင်းပျစွာ တုံ့ပြန်တဲ့အထိ      အခြေအနေ ဖြစ်ခဲ့ရတယ်။  နောက်ဆုံးမှာတော့     ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ   ခုံဖွဲ့စစ်ဆေးဆုံးဖြတ်ပြီးမှသာ အရေးယူအပြစ်ပေးတဲ့     အနေနဲ့   အလုပ်ကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတာပါပဲ။
လတ်တလော     မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ  အလုပ်ပြုတ်တဲ့  သူငယ်ချင်းမောင်မျိုးနဲ့ အလုပ်ထွက်သွားတဲ့             သူငယ်ချင်းမင်းနိုင်တို့ နှစ်ယောက်စလုံးအတွက် စိတ်မကောင်းဖြစ်ရပေ မယ့် မင်းနိုင်ကိုတော့ အထင်ကြီးလေးစားတယ်လို့ ပြောလို့ရတယ်။   မောင်မျိုးကတော့   ကိုယ်တိုင် ဆင်ခြင်ဆုံးဖြတ်နိုင်မှု     မလုပ်ဘဲ    ဝေလေလေ သံယောင်တွေနောက် လိုက်ခဲ့တာကြောင့်  တစ်ဖက် ကမ္ဘာကို ရောက်သွားတဲ့ သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရတယ်။ မင်းနိုင်ကတော့ အစကတည်း က  ပါတီစွဲ၊   ပုဂ္ဂိုလ်စွဲရှိသူဖြစ်တာကြောင့် လက်ရှိ ပြောင်းလဲမှုဖြစ်စဉ်ကို    လက်မခံနိုင်ဘူး၊    ဆက်ပြီး  အလုပ်မလုပ်နိုင်ဘူးဆိုတဲ့ ခံယူချက်ထားပြီး    သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့   ဂုဏ်သိက္ခာရှိရှိ   အလုပ် ကနေ   နုတ်ထွက်သွားတာကြောင့်    အလုပ်ပြုတ် သွားတဲ့ဝေလေလေ   CDM    ဝန်ထမ်းသူငယ်ချင်း မောင်မျိုးထက် မင်းနိုင်ကို ပိုပြီးလေးစားမိတာတော့ အမှန်ပါပဲ။ 
မှန်ကန်တဲ့လမ်း ဆက်လက်လျှောက်လှမ်း
အလုပ်ပြုတ်သွားတဲ့သူငယ်ချင်းကော၊ အလုပ် ထွက်သွားတဲ့သူငယ်ချင်းကော သူတို့နဲ့သာ ပြန်ဆုံ ဖြစ်ရင် ကိုယ့်ရဲ့မိသားစုအတွက် ပိုပြီးဦးစားပေးပါ၊ ကိုယ့်အပေါ် ကောင်းတဲ့သူတွေအတွက် ကြိုးစားပြီး နေထိုင်ပေးပါ၊ နာကျင်မှုနဲ့ မအောင်မြင်မှုတွေကို ခံစားမနေပါနဲ့၊ ဖြေသိမ့်တတ်ပါစေလို့ ပြောချင်ပါ သေးတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး အရောင်မပါဘဲ၊    ချစ်ခင်မှုအရင်းခံနဲ့    အမြန်ဆုံး ပြန်လည်ဆုံစည်းကြရပြီး အပြုံးပန်းတွေနဲ့ မှန်ကန် တဲ့လမ်းကို ဆက်လက်လျှောက်လှမ်းရပါစေကြောင်း သောက်လက်စ  လက်ဖက်ရည်ကို   အဆုံးသတ်ပြီး စနေလက်ဖက်ရည်စကားဝိုင်းမှ            စိတ်ရင်းမှန်၊ ယုံကြည်ခြင်းများနဲ့     ဆန္ဒပြုဆုတောင်းလိုက်ရပါ တယ်။         ။