
နေပြည်တော် သြဂုတ် ၂၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Electric Contactor ၂၀ အပါအဝင် လျှပ်စစ်ပစ္စည်း ငါးမျိုး၊ ကြက်အူချောင်း အထုပ် ၃၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၅၆၀,၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Nissan AD Station Wagon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၅၆၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် သြဂုတ် ၂၁ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် DJI Mini 2SE Drone တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၀၀,၀၀၀) ကို လည်း ကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Badminton Nylon String ၁၀ မီတာ အပါ အဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၀၁,၄၄၆) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂,၀၀၁,၄၄၆ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ သြဂုတ် ၂၁ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ် မြို့ ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၂၅/၆) ၌ တရားမဝင်သစ် ၁ ဒသမ ၀၂၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၆၃၈) ကိုလည်းကောင်း၊ ဟင်္သာတခရိုင် ကြံခင်းမြို့ နံဂတ်ရွာအနီး၌ တရား မဝင်ကျွန်းသစ် ၀ ဒသမ ၃၀၈ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၅,၆၁၂) ကို လည်းကောင်း၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် လင်းလွန်းပင်ကွေ့ ထိပ်ဝကြီး ကျေးရွာအနီး၌ တရားမဝင်သစ် ၁၉ ဒသမ ၇၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၀၂,၃၆၀) ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၂၉,၆၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် INDUS Lady Slipper ဖိနပ် အရန် ၃၀၀၊ ကြာဆံ (အပြာ) အထုပ် ၄၅၀၀ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၀၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာမွေမြို့နယ် တာမွေလေးရပ်ကွက် မာလာနွယ်လမ်းထိပ်၌ လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) နှင့် ဗဟန်း မြို့နယ် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုရှေ့၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၃ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်အတွင်း၌ တရား မဝင် ကျွန်းသစ် ၀ ဒသမ ၅၃၂ တန်နှင့် အခြား သစ် ၃ ဒသမ ၉၈၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀,၅၁၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၃ ရက်တွင် မကွေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့ မယ်ဘေ့ကုန်းကျေးရွာအနီး၌ တရားမဝင် ရေနံစိမ်း ၁၀ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀) ကို လည်းကောင်း၊ မင်းလှမြို့ သံပုရာကန်ကျေးရွာအနီး၌ တရားမဝင် ရေနံစိမ်း ဂါလန် ၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၈၀၀,၀၀၀)၊ စက်သုံးဆီ (ဒီဇယ်ဆီ) ဂါလန် ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၈၀,၀၀၀)၊ အဆိုပါရေနံစိမ်းနှင့် ဒီဇယ်ဆီများ တင်ဆောင်လာ သည့် Mitsubishi Canter မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) နှင့် HIGO သုံးဘီးမော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ဆိပ်ဖြူမြို့ အနော်ရထာတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃,၅၀၀,၀၀၀) ကို လည်းကောင်း၊ ပြလို့မြို့ ဘွက်ကြီးတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၁၃၀,၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း ဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၃ ရက်တွင် ရေဖြူမြို့နယ် မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Hilux Vigo မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ သြဂုတ် ၂၄ ရက်တွင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာ ၏ အနောက်မြောက်ဘက် ၀ ဒသမ ၉ မိုင်ခန့် အကွာ ရေပြင်၌ တရားမဝင် သစ်မျိုးစုံ ၁၅ ဒသမ ၃၆၉ တန်၊ အလျား ၂၉ ပေ၊ အနံ ၅ ပေ ၆ လက်မ၊ ရေစူး ၂ပေ ၈ လက်မရှိ စက်လှေတစ်စင်းနှင့် တရုတ်နီ အင်ဂျင် သုံးလုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၁၃၁,၇၃၀) ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၃၁,၇၃၀ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ် ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁,၆၃၃,၃၀၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်