မှန်ကန်သည့်စာရင်းအင်းအချက်အလက်မှသည် မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မူဝါဒများဆီ

 

စီးပွားရေးလုပ်ငန်းငယ်တစ်ခု အောင်မြင်ရေးမှသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအထိ စာရင်းဇယားများ မှန်ကန်တိကျမှုရှိရန် လိုအပ် သည်။  စီးပွားရေးလုပ်ငန်းငယ်တစ်ခုအဖို့  သွင်းကုန်၊ ထုတ်ကုန်၊ ကုန်ရောင်း ကုန်ဝယ်၊ ဝင်ငွေ ထွက်ငွေ  စာရင်းဇယားများ  မှန်မှန် ကန်ကန်ရှိမှသာ လုပ်ငန်းအောင်မြင်အောင် စီမံဆောင်ရွက်နိုင် မည်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ် ခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင်လည်း မြေပြင် နှင့်   ကိုက်ညီမှန်ကန်သော   စာရင်းဇယားအချက်အလက်များ ရရှိရန် အရေးကြီးသည်။


နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၃)၌ အမှာစကားပြောကြားရာတွင်  “လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှားယွင်းမှုများ      အနည်းဆုံးဖြစ်စေရေး    တိတိကျကျဖြင့် ဆောင်ရွက်ရန်နှင့်   စာရင်းဇယားများ   မှန်ကန်မှုများ ရှိစေရေးကို လည်း စနစ်တကျ  ဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိမှသာ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ဝန်ကြီး ဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တင်ပြသည့် စာရင်း ဇယားအချက်အလက်များသည် မြေပြင်အခြေအနေနှင့် အနီးစပ် ဆုံး မှန်ကန်မှုရှိမှသာလျှင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ပြီး သုံးသပ်မှုမှန်ကန်မှသာလျှင် မှန်ကန် သည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည် ဖော်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း”   ထည့်သွင်းပြောကြားခဲ့ သည်။


စာရင်းအင်းအချက်အလက်များကို အခြေပြု၍ မူဝါဒများ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ စာရင်းအင်းများ မှန်ကန်မှ မူဝါဒများ လည်း မှန်ကန်မည်ဖြစ်သည်။ မြေပြင်အခြေအနေမှန်နှင့် ကိုက်ညီ မှုမရှိသော၊     ကွဲလွဲနေသော   စာရင်းအင်းအချက်အလက်များ၊ အားနည်းချက်များစွာရှိနေသော   စာရင်းအင်းအချက်အလက်များ ကြောင့် မူဝါဒချမှတ်မှုများ   လွဲချော်သွားခဲ့မည်ဆိုပါက   နစ်နာ ဆုံးရှုံးမှုမှာလည်း လွန်စွာကြီးမားမည်ဖြစ်သည်။ အတိတ်ကာလ က အချို့ဌာနများတွင် မြေပြင်စာရင်းဇယားက တစ်မျိုးနှင့် ဖွံ့ဖြိုး တိုးတက်မှုပြသည့် စာရင်းဇယားက တစ်မျိုးဟူ၍ ထားရှိကြောင်း၊ အထက်ဌာနများကလည်း   မူဝါဒရေးဆွဲချမှတ်ရာတွင်   စာရင်း ဇယားအချက်အလက်များကို    အသုံးပြု၍    ဆောင်ရွက်သည့် အလေ့အထမရှိကြောင်း၊ စာရင်းဇယားများနှင့် သတင်းမှတ်တမ်း အချက်အလက်များ သိမ်းဆည်းမှုတို့တွင်လည်း အားနည်းချက် ရှိကြောင်း စသည်တို့ကို ကြားသိခဲ့ရဖူးရာ မှန်ကန်ခိုင်မာသော စာရင်းဇယားအချက်အလက်တို့ကို အခြေခံခြင်းမပြုဘဲ အလွတ် ရေးဆွဲ ချမှတ်အကောင်အထည်ဖော်မည့် မူဝါဒတစ်ရပ်အနေဖြင့် လေလွင့်ဆုံးရှုံးမှု၊ မအောင်မြင်မှုများဆီသို့သာ ဦးတည်သွားမည် ဖြစ်သည်။


လက်တွေ့ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာ ချမှတ်နိုင်ရန်၊    ထိရောက်စွာ   အကောင်အထည်ဖော်နိုင်ရန်၊ စောင့်ကြည့်လေ့လာရန်နှင့် သုံးသပ်နိုင်ရန်၊ စာရင်းအင်းအချက် အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကိစ္စရပ် များအား    သက်ဆိုင်ရာဝန်ကြီးဌာနများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊  Stakeholders  များနှင့်  ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်    အချိန်နှင့်တစ်ပြေးညီ   ထုတ်ပြန်နိုင်မည့် စွမ်းဆောင်မှုရှိသည့် အမျိုးသားစာရင်းအင်းစနစ် ဖြစ်ပေါ်စေရန် အတွက်       ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရန်      စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့်    အရည်အသွေးပြည့်ဝရေး    ဗဟို ကော်မတီကို ၂၀၁၆ ခုနှစ်တွင်  စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ  ဗဟို ကော်မတီကို ပြန်လည်ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။ 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  လွန်စွာအရေးပါပြီး ခိုင်မာ၍ ယုံကြည်ကိုးစားနိုင်သော   မြေပြင်စာရင်းအင်းအချက်အလက်မှန် များ ဖြစ်စေရေး၊ အချိန်နှင့်တစ်ပြေးညီရရှိရေး၊   ရှေ့နောက်ညီညွတ် မှုရှိရေးတို့အတွက်   ဝန်ကြီးဌာနများအကြား    ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရအဖွဲ့ များအကြား   စာရင်းအင်းဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှုယန္တရား ကို  အချိတ်အဆက်မိမိ    အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  မှန်ကန်သောမူဝါဒများ  ချမှတ် နိုင်ရေးဆီသို့ ဦးတည်နိုင်ပါစေကြောင်း။        ။