အင်းစိန်မြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ    ၁၂


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တွင်    ငွေကျပ်သိန်း  ၉၀၀၀   တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ    ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့  နံနက် ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရန်ကုန် - ပြည်လမ်းတွင်    စိုးလွင်   (ခ) နူရွတ်နှင့်   ချစ်ဝင်းကိုကို  (ခ) နေဇာ တို့ နှစ်ဦးအား ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ကိုးသိန်းနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

    
စုံစမ်းဖော်ထုတ်လျက်ရှိ


စစ်ဆေးဖော်ထုတ်ချက်အရ     သိမ်း ဆည်းရမိ  စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်သူ      မနန်းစင် လျှန်း  အား   တာမွေမြို့နယ်    အိုးရှင်း စင်တာတွင်   ဆက်လက်   ဖမ်းဆီးရမိခဲ့ သဖြင့်  ၎င်းတို့အား  ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု   ကျူးလွန်သူ များအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်