တိုက်ယူစရာမလိုတဲ့ ဖော်ဆောင်ပြီးသား ဒီမိုကရေစီ

Type
ကနောင် နိုင်ငံသားတိုင်းမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ မဲမသမာမှုတွေ ရှိနေပါတယ်လို့ ပြည်သူက ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီအချို့က ထောက်ပြခဲ့ပါတယ်။ တပ်မတော်က သတိပေးခဲ့ပါတယ်။ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒီမို ကရေစီအစိုးရက အာဏာရှင်ဆန်စွာနဲ့ လျစ်လျူရှုခဲ့ကြတာကို အားလုံးအသိပဲဖြစ်မှာပါ။ အကြိမ်ကြိမ်အသိပေးတာ၊ တောင်းဆိုတာ၊ ထောက်ပြဝေဖန်တာတွေကို တပ်မတော်ဘက်ကနေ ထပ်တလဲလဲပြုလုပ်ပြီး တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတာကိုလည်း ပြည်သူအားလုံးတွေ့မြင်ကြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ လွဲမှားနေတဲ့အရာတွေကို တည့်မတ်၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အားလုံးက မျှော်လင့်တကြီး ကြိုးစား လျှောက်လှမ်းနေကြတဲ့ ဒီမိုကရေစီလမ်းကြောင်း မချွတ်ယွင်းစေဖို့ တည့်မတ်ပေးဖို့ နိုင်ငံတော်ကို အရေးပေါ်ကာလ ကြေညာပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်မည်မဟုတ်ပါလို့ အကြိမ်ကြိမ် ပြောကြားထားပြီးသားလည်း ဖြစ် ပါတယ်။ ဒါကို လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ရုံ သာမက အေးချမ်းသာယာတဲ့ လူ့ဘောင် အဖွဲ့ အစည်း ပျက်စီးယိုယွင်းအောင် ရည်ရွယ်ချက်အပြည့် နဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေခြင်းဟာ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်လို တဲ့စိတ် မရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်လာတဲ့အခါ ထိခိုက် ခံစားကြရမှာက ပြည်သူအားလုံး ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ယိမ်းယိုင်၊ ကျောင်းတွေ မဖွင့်နိုင်၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွေ နှောင့်နှေးနဲ့ ပြည်သူတွေ ပင်ပန်းခဲ့ကြရပါတယ်။ နိုင်ငံရေးစနစ်တစ်ခုကို လျှောက်လှမ်းတဲ့အခါ အထိ အခိုက်၊ အပွတ်အတိုက်တွေဟာ ရှိစမြဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူထိခိုက်မှု အနည်းဆုံးဖြစ်အောင် နည်းလမ်းဖော်ဆောင်ကြရဖို့ လိုအပ်တာကို တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံချစ်စိတ်ရှိသူ တိုင်း နားလည်ခံစားနိုင်မှာဖြစ်ပါတယ်။ သာယာလှပတဲ့အနာဂတ်နဲ့ ငြိမ်းချမ်းရေး အယူအဆမတူပေမယ့် တိုင်းရင်းသားပြည်သူ အားလုံးရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်က လွတ်လပ် ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးတွေကို ငါးနှစ်တစ်ကြိမ်ကျင်းပကြမယ်။ ပြည်သူလူထုက စိတ်ကြိုက်ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေကနေ ဒီမိုကရေစီအစိုးရ အဖွဲ့ဖြစ်လာမယ်။ သူတို့ဟာ နိုင်ငံတော်အတွက် ကိုယ်ကျိုးမဖက် ကြိုးပမ်းဆောင်ရွက်ကြမယ်။ ပြည်သူလူထုကလည်း ပံ့ပိုးကြသလို၊ လွှတ်တော် တွေကလည်း ပြည်သူ့အကျိုးကို ဖော်ဆောင်မယ်။ တစ်နိုင်ငံလုံး သာယာလှပတဲ့အနာဂတ်နဲ့ ငြိမ်းချမ်း ရေးသီချင်းတွေ သံပြိုင်ဆိုကြမယ်ဆိုတဲ့ စိတ်ကူးရှိ ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် မှာတော့ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ပြည်သူ တွေရဲ့ အိပ်မက်တွေဟာ ဝေဝါးလာခဲ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ NCA ပန်းတိုင်ဟာလည်း ပျောက်ကွယ်လုနီးနီး ဖြစ်လာခဲ့ရသလို၊ ဘာသာ၊ သာသနာရောင်ဝါဟာလည်း မှေးမှိန်ခဲ့ရပါတယ်။ နိုင်ငံရဲ့စီးပွားရေးဟာ ဦးသိန်းစိန် အစိုးရလက်ထက် က အညွှန်းကိန်းတွေအောက် ရောက်လာနေတာ ကိုလည်း မြင်တွေ့ခဲ့ရသလို၊ တကယ့် Real Power ရှိတဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင်မကြိုးစားခဲ့ဘဲ တင်းမာမှုတွေကို သာ ဖန်တီးခဲ့ပါတယ်။ ငါးနှစ်တာခရီးမှာ ဝန်ကြီးဌာန အသီးသီးရဲ့ ဆောင်ရွက်ပြုမူခြင်းများမှာလည်း ယခင်အဆက်ဆက် ကြိုးစားတည်ဆောက်ထား ကြတဲ့ အသီးအပွင့်လောက်ကိုပဲ တိုးတက်မှုဖြစ်စဉ် အဖြစ် မြင်တွေ့ရပြီး အတွေးသစ်၊ အမြင်သစ်နဲ့ ဆောင် ရွက်မှုကနေ အောင်မြင်တယ်ဆိုတဲ့ဖြစ်စဉ်မျိုး ရှားပါးခဲ့တာကိုလည်း ပြည်သူတစ်ဦးအနေနဲ့ သတိပြုမိခဲ့ပါတယ်။ ရုတ်တရက် အပြောင်းအလဲကို ကြုံလိုက်ရတဲ့ ပြည်သူများအဖို့ စိတ်ပူပန်မှုမြင့်တက်လာခဲ့ကြတာ ကလည်း နိုင်ငံအပြောင်းအလဲဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ တစ်ခုပဲဖြစ်ပါတယ်။ သို့သော် အပြုနှင့် အဖျက်၊ ဓမ္မနှင့် အဓမ္မ၊ မတရားမှုနှင့် တရားမျှတမှုတို့ကို ကွဲပြားအောင် နိုင်ငံတော်အကြီးအကဲတွေက ဖော်ဆောင်နေတာကိုလည်း တစ်လတာအတွင်း မြင်တွေ့ခဲ့ကြရမှာ ဖြစ်ပါတယ်။ တပ်မတော်ဟာ မှန်ကန်ပြီး ပြည်သူအားလုံး မထိခိုက်စေမယ့် နည်းလမ်းတွေကိုသာ ပထမဦးစားပေးအဖြစ် ဥပဒေ နဲ့အညီ ဆောင်ရွက်ခဲ့သလို တစ်ဖက်မှာ ပြည်သူတွေ ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ မူလရည်မှန်းချက်တွေ မပျောက် ပျက်အောင်နဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ မဲစာရင်းရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်စစ်ဆေးရင်းကနေ NLD အစိုးရရဲ့ နောက်ကွယ်က အဂတိလိုက်စားမှု၊ သပ်လျှိုသင်းခွဲမှု တွေနဲ့ နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေမှုစတာတွေက တစ်စတစ်စနဲ့ ထွက်ပေါ် လာနေတာကိုလည်း မြင်တွေ့နေရပါတယ်။ အရေးပေါ်ကာလကို တာဝန်ယူထားရတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်မယ့် ဦးတည်ချက်၊ ရည်မှန်းချက်တွေကို အမြန်ဆုံးချမှတ်ပြီး မမှိတ်မသုန်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ စိတ်ပူပန်နေတဲ့ပြည်သူတွေ လမ်းပေါ်ကို မရောက်ရောက်အောင် တွန်းပို့ကြသူ တွေ ထွက်ပေါ်လာခဲ့ပါတယ်။ တရားမဝင်အစိုးရအဖွဲ့ ကို အွန်လိုင်းကနေ ဖွဲ့စည်းတာ၊ နိုင်ငံ့ဝန်ထမ်းတွေကို ရုံးမတက်စေဘဲ CDM လုပ်ဖို့ ဖိအားပေးဖော်ဆောင် တာတွေနဲ့ ကိုယ့်ပြည်တွင်းရေးကို နိုင်ငံတကာ မျက်နှာစာမှာ အလွဲအမှားပုံဖော်နေတာတွေကို လည်း ဆောင်ရွက်လာကြပါတယ်။ သွေးမဆူတဲ့ ပြည်သူတွေကို သွေးဆူလာအောင် အကြမ်းဖက်မှု၊ ဆူပူသောင်းကျန်းမှုတွေ ပြုလုပ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြခြင်းက အစပြုပြီး အဖျက် အမှောင့်လုပ်ရပ်တွေအထိ ဖြစ်ပေါ်လာအောင် လုပ်ဆောင်လျက်ရှိပါတယ်။ ရှိနှင့်ပြီးသားအရာကို ပိုပြီးကောင်းမွန်အောင်၊ လမ်းကြောင်းမလွဲအောင် ထိန်းညှိပေး၊ မြှင့်တင်ပေး နေတဲ့အစိုးရဟာ တစ်ဖက်မှာ ဆူပူသောင်းကျန်းမှု၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုတွေကိုလည်း အညင်သာ ဆုံး ကိုင်တွယ်ဖြေရှင်းခဲ့တာကို မြင်တွေ့ခဲ့ရသလို ဥပဒေနဲ့အညီ ဆောင်ရွက်နေခြင်းကြောင့် ပျက်စီး လိုသူတွေရဲ့ ထောင်ချောက်အတွင်း မရောက်ရှိခဲ့ ပေမယ့် အကြမ်းဖက်မှုတွေဖြစ်အောင် လူငယ်တွေ ကို လှုံ့ဆော်မှုတွေ တိုးပွားလာနေပါတော့တယ်။ လုံခြုံရေးတာဝန်ယူထားရတဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာခြင်း၊ သူတစ်ပါး၏ လွတ်လပ်မှုကို ခြိမ်းခြောက်လာခြင်းနှင့် အဖျက်အမှောင့်လုပ်ရပ် တွေအထိ လုပ်ကိုင်လာခြင်းကြောင့်လည်း တင်းကျပ်စွာနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်ဖွယ်ရှိပါ တယ်။ တိုင်းပြည်ကို Collapsed State အစိတ်စိတ် အမြွှာမြွှာဖြစ်အောင်ဆိုတဲ့ မမှန်ကန်တဲ့ အတွေး အခေါ်အယူအဆတွေနဲ့ အနောက်မျှော်ဝါဒကို အသက်သွင်းတဲ့ ဖျက်ဆီးရေးသမားတွေကို ဖော်ထုတ်အရေးယူတာတွေကို စတင်ပြုလုပ်နေတာ ကိုလည်း တွေ့ရှိရပါတယ်။ မရိုးဖြောင့်တဲ့ လမ်းကြောင်းတွေကနေ ငွေကြေးထောက်ပံ့ပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူ တွေအားလုံးကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိ နေပြီ ဖြစ်ပါတယ်။ ရိုးသားတဲ့ ပြည်သူတွေကို သတင်းအမှားတွေ၊ ကောလာဟလတွေ ရိုက်သွင်း ပြီး ပကတိနိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်အောင် လုပ်ဆောင်တဲ့သူတွေဟာ တိုင်းပြည်ရဲ့တကယ့်ရန်သူစစ်စစ်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်ဖို့ ရနှင့်ပြီးသား ဒီမိုကရေစီလမ်းကြောင်းကို မပျက်ယွင်းအောင် ထိန်းသိမ်းပြီး ပြည်သူထိခိုက်မှု အနည်းဆုံးနည်းလမ်းတွေနဲ့ ဖော်ဆောင်နေရာမှာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်တာဝန်ယူထားရသူတွေကို အပြစ်တင်နေမယ့်အစား နောက်ကွယ်ကနေ မြှောက်ပင့်သွေးထိုးပြီး ဇာတ်နာအောင် ဖန်တီးနေတဲ့သူတွေကို တိုက်ထုတ် ရမှာပါ။ နွေဦးတော်လှန်ရေးသပိတ်၊ သနပ်ခါး သပိတ်၊ ထိုင်သပိတ်၊ CDM သပိတ်၊ သံပုံးသပိတ်၊ မီးထွန်းသပိတ်၊ ဒေါင်းစစ်သည်သပိတ်၊ နိုင်ငံတကာ က အရေးယူပေးဖို့ သပိတ်စတဲ့ ပုံစံစုံအောင်လည်း တော်လှန်နေခဲ့ကြပြီးပါပြီ။ ဒီမိုကရေစီတိုက်ပွဲဆိုပြီး ရည်မှန်းချက်မသိ၊ ရလဒ်မအောင်မြင်ဘဲ ပြည်သူ တွေသာ ထိခိုက်နစ်နာနေကြတာကိုလည်း သိစေလို လှပါပြီ။ ပြည်သူအားလုံး ရရှိပြီးသား ကိုယ့်နိုင်ငံနဲ့အကိုက်ညီဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ဖို့သာ ဦးတည် လျှောက်လှမ်းကြပါလို့ တိုက်တွန်းလိုက်ရ ပါတယ်။ ။