
နေပြည်တော် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၃၅ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ငါးတဲစုကျေးရွာအနီး တောလမ်း တွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး (ခ)အောင်သူဖြိုး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ)ကျော်စွာ မောင်းနှင် လာသည့် TOYOTA HILUX SURF မော်တော်ယာဉ် တို့ကို သတင်းအရရှာဖွေရာ SURF မော်တော်ယာဉ် ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ ကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်