တပ်ကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ကိုးဦး ဒဏ်ရာရ

 

နေပြည်တော်  စက်တင်ဘာ  ၂၉


နေပြည်တော် တပ်ကုန်းမြို့နယ်၌ စက်တင်ဘာ  ၂၈ ရက်က ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသား နှစ်ဦးနှင့်    အမျိုးသမီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်မှာ    စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် တပ်ကုန်းမြို့နယ် နေပြည်တော်-မန္တလေး        အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၇ မိုင် ၇ ဖာလုံ နှင့်  ၂၃၈  မိုင်ကြား၌   ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်း အရ ဘုရားတောင်အမြန်လမ်းမ ကြီး    ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ    သွား ရောက်စစ်ဆေးရာ နေပြည်တော် ဘက်မှ           မန္တလေးဘက်သို့ မော်လမြိုင်မြို့     မြိုင်သာယာ ရပ်ကွက်နေ  စောသက်အောင်(၃၄)နှစ်  မောင်းနှင်လာသည့် MON-1 5R/---  SHINERAY-SRN T20၊ PICKUP   ယာဉ်မှာ   ယာဘက် နောက်ဘီးပေါက်၍  အရှိန်မထိန်း နိုင်ဘဲ    လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ        တိမ်းမှောက်ခဲ့သဖြင့် စောသက်အောင်၊  ယာဉ်ပေါ်တွင် လိုက်ပါလာသူ  ဦးစိုးလွင်  (၅၈)နှစ်ပါ ကိုးဦးတို့တွင်    ဒဏ်ရာများ ရရှိခဲ့သဖြင့် စောသက်အောင်အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းက     အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။


(ရဲပြန်ကြား)