
နေပြည်တော် အောက်တိုဘာ ၄
လာအိုနိုင်ငံရှိ Online မှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားသူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နေ မစိုးစိုး(ခ)မချစ်ချစ်(ခ) မမိုးမိုးဦး က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နေ ကို---၊ ၂၂/၂၀၂၂ နှစ်၊ ကို---၊ ၂၁/၂၀၂၂ နှစ်၊ ကို---၊ ၁၉/၂၀၂၂ နှစ်၊ ကို---၊ ၁၉/၂၀၂၂ နှစ်၊ ကို---၊ ၂၀/၂၀၂၂၊ ကို---၊ ၂၂/၂၀၂၂ နှစ်နှင့် မ---၊ ၂၁/၂၀၂၂ နှစ် တို့ကို လာအိုနိုင်ငံရှိ ဂိမ်းဆိုင်တွင် အလုပ်လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် လုပ်ခလစာ ၁၅ သိန်းခန့်ရမည်ဟု စည်းရုံးပြောဆိုကာ လာအိုနိုင်ငံရှိ ဂိမ်းဆိုင် တွင် မဟုတ်ဘဲ Online မှ ငွေလိမ်ရသောလုပ်ငန်းသို့ ပို့ဆောင် ရောင်းစားခဲ့သဖြင့် တပ်ကုန်းမြို့မရဲစခန်း (ပ)၁၅၃/၂၀၂၂၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၅ ဖြင့် အမှုရေးဖွင့်၍ ဥတ္တရခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၃ ရက် တွင် တရားခံ မစိုးစိုး(ခ) မချစ်ချစ်(ခ) မမိုးမိုးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ၂၅ နှစ်အား သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။
သတင်းစဉ်