မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ  ၁၂ 


မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်၌  ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ   စိတ်ပြောင်း ဆေးဝါး (Happy Water) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့ဝင်များ     ပါဝင်သော    ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ  ၇ ရက်  ည  ၁၀ နာရီက      မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ အနီးတွင် ခရီးသည်တင်  Express   မော်တော်ယာဉ် ကို  သတင်းအရရှာဖွေရာ  ယာဉ်ပေါ်ပါ  ခရီးသည် မထူးမြတ်နေ့သွယ်နှင့် နှင်းဝေဖြိုး တို့၏ ခရီးဆောင် အိတ်များအတွင်းမှ   ဒေသကာလ   တန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး      (Happy     Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ  စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ ရန်ကုန် တိုင်းဒေသကြီးသို့    သယ်ဆောင်ခြင်းဖြစ်ကြောင်း       သိရသဖြင့်  ၎င်းတို့အား   ဥပဒေအရ အရေးယူထားရှိ ပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်   စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။                                

သတင်းစဉ်