အမျိုးသမီးများကို အခကြေးငွေရယူ၍ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သူများအား ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

 

နေပြည်တော် အောက်တိုဘာ   ၁၈


အမျိုးသမီးများကို အခကြေးငွေရယူ၍ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သူများအား  ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသ ကြီး မြောက်ဥက္ကလာပမြို့နယ်နေ မေဖုန်း(ခ)ကေသီမြင့်နှင့် ရန်ကင်း မြို့နယ်နေ မေသဇင်(ခ) ဇင်ငယ် တို့က   ဒူဘိုင်းမြို့တွင်    အလုပ် လုပ်ကိုင်လိုပါက    တစ်လလျှင် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းအထိ ရရှိမည်ဟု  ပြောဆိုစည်းရုံးပြီး အခကြေးငွေရယူ၍   မကွေးတိုင်း ဒေသကြီး အောင်လံမြို့နေ မ ---၊ ၂၀/၂၂  နှစ်ပါ    လေးဦးတို့အား ဒူဘိုင်းမြို့သို့   ပို့ဆောင်ခဲ့သဖြင့် အောင်လံမြို့မရဲစခန်း၊ (ပ)၁၀၁/ ၂၀၂၂၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် လည်းကောင်း၊ လိပ်စာတူ ဒေါ်---၊၃၆/၂၂ နှစ်အား ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သဖြင့် အောင်လံမြို့မရဲစခန်း၊ (ပ)၁၁၆/ ၂၀၂၂၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆   ဖြင့်လည်းကောင်း အမှုရေးဖွင့်ခဲ့ပြီး အောင်လံမြို့နယ် တရားရုံးသို့   တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ   ၁၇  ရက်တွင် မေဖုန်း(ခ)ကေသီမြင့်နှင့် မေသဇင် (ခ) ဇင်ငယ် တို့ကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ အမှုတစ်မှုလျှင် အလုပ်နှင့် ထောင် ဒဏ် သုံးနှစ်စီကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်