ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

 

နေပြည်တော်  အောက်တိုဘာ ၁၈


ရှမ်းပြည်နယ်    ‘ဝ’   ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရတိုင်း     နယ်မြေ အတွင်း  Online လိမ်လည်မှုများ၊  လူကို   သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊    ခြောက်လှန့်   တောင်းယူမှုများ       ကျူးလွန်  ခြင်း၊    ကျူးလွန်ရန်       အားထုတ် ခြင်း၊  အားပေးကူညီခြင်းများကို    ကျူးလွန်နေသော        ချန်ရန်ပန် (ခ)  ပေါက်အိုက်ပန်းနှင့်  ရှောက် ရန်ပန် (ခ)  ဟော်ချွင်ထင်တို့ကို     ဥပဒေအရ   အရေးယူရန်အတွက်  ၂၀၂၃    ခုနှစ်    အောက်တိုဘာ   ၁၇  ရက်တွင် ဟိုပန်ခရိုင်      တရားရုံး က     ဖမ်းဝရမ်းထုတ်ဆင့်ထား ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။  

      
သတင်းစဉ်