တရားမဝင် သစ်မျိုးစုံ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၁၈


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ
အောက်တိုဘာ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ် ၂၁ မိုင် ၆ ဖာလုံ၌  မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် Cat Litter (ကြောင်သဲ) ၁၅၆၀ ကီလိုဂရမ်၊ Auto Transfer Switch လေးခု၊ Stanford Diesel Generator တစ်စုံအပါအဝင် ကုန်ပစ္စည်း ခုနစ် မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၂၉၂၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၂၉၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ အောက်တိုဘာ ၁၇ ရက်က စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယင်းမာပင် မြို့နယ်အတွင်း၌ တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၁၆ တန်၊ ကျွန်းခုတင်(အကြမ်း) လေးလုံးနှင့် ကျွန်းဆက် တီ (အကြမ်း) နှစ်လုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၆၂၀၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ အောက်တိုဘာ ၁၇ ရက်က   ရှမ်း ပြည်နယ်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မင်္ဂလာ မူဆယ်အနီးရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ceramic Tile ၃၀၅၆ ချပ်အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၆၈၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် အောက်တိုဘာ ၁၇ ရက်က   ကရင် ပြည်နယ်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့ မှ ဘားအံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ကြာဆံအပြာ အထုပ် ၉၀၀၀ အပါအဝင်  ကုန်ပစ္စည်း  နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၄၀၀၀၀၀၀  နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင်     ကြေညာထားသည် ထက်  ပိုမိုပါရှိလာသည့် Innoplus Low Density Polyethylene ကီလိုဂရမ် ၅၀၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) နှင့်  ညောင်ခါးရှည် X-Ray စက်၌ မြဝတီမြို့မှ ပုသိမ်မြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်ဆီ လီတာ ၆၀၀၊ Honda Wave Alpha မော်တော်ဆိုင်ကယ် နှစ်စီးအပါအဝင် ကုန် ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၃၀၀၀၀)၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Asia Strar Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ   လည်း ကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်း သစ် ၂ ဒသမ ၅၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၂၇၂၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၇၂၇၂၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၈၇၆၉၂၈)ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။                       

သတင်းစဉ်