
တာမွေ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ တိုက်အမှတ် (၂၂) ခုနစ်လွှာတွင် အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်က ဂက်စ်မီးဖိုအိုး ယိုစိမ့်၍ အခန်းအတွင်း ဓာတ်ငွေ့ များ ပျံ့နှံ့နေစဉ် မီးသုံးစွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်း သတ်ယာဉ်ငါးစီး၊ ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ အထောက်အကူ ပြုယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဂက်စ်အိုး၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် နှင့် မီးဖိုချောင်အတွင်းရှိ ပစ္စည်း များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အခန်းပိုင်ရှင် ဦးချမ်းမြေ့ကျော်အား တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
နိုင်လင်းအောင်
(တာမွေ)