နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ်ရာတွင် ဂျီဒီပီ ဟူသော ဝေါဟာရကို နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်တို့၌ သုံးစွဲကြသည်။ ဂျီဒီပီဟူသည် စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးကို အတိုကောက်ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံက တစ်နှစ်တာကာလအတွင်း ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ငွေကြေးတန်ဖိုးဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ဂျီဒီပီသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် နည်းပါးလျက်ရှိသည်။ ယင်း၏ အနက်အဓိပ္ပာယ်မှာ မြန်မာနိုင်ငံ၏ တစ်နှစ်တာအတွင်း ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် ဒေသတွင်းနိုင်ငံများ အောက်နည်းပါးလျက်ရှိပြီး ၎င်းနိုင်ငံများကဲ့သို့ ထုတ်လုပ်နိုင်စွမ်း မရှိဟူ၍ ပြဆိုနေခြင်းပင်ဖြစ်သည်။
ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် လူတစ်ဦးချင်း ဝင်ငွေတို့အပါအဝင် ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများ၊ လူနေမှုအဆင့်အတန်း၊ ဘဝနှင့်အလုပ်အပေါ် လူတို့၏သဘော ထား၊ အင်စတီကျူးရှင်းများ၊ အစိုးရ၏မူဝါဒတို့ အဆက်အစပ် မိမိ၊ စနစ်တကျနှင့် အထက်သို့ တိုးတက်ရွေ့လျားနေသည့် နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံပင်ဖြစ်ကြောင်း ပညာရှင် များက မိန့်ဆိုကြသည်။ အဆိုပါအချက်များတွင် ဘဝနှင့်အလုပ် အပေါ် လူတို့၏ သဘောထားများသည်လည်းကောင်း၊ အင်စတီ ကျူးရှင်းများဟုဆိုသည့် စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူ ပြုသည့် ဖွဲ့စည်းမှုများနှင့် အဆောက်အအုံများ၊ အစိုးရအဖွဲ့ အစည်းများ၏ ခိုင်မာအားကောင်းမှု၊ အုပ်ချုပ်ရေး ထိရောက် ထက်မြက်မှု၊ အမျိုးသားစုစည်းမှု အားကောင်းတောင့်တင်းမှု တို့သည်လည်းကောင်း အစိုးရ၏မူဝါဒများဖြင့် ဖြည့်ဆည်းကာ ကျန်အချက် (၃)ချက်နှင့် ပေါင်းစပ်ပေးရန် လိုအပ်သည်ဟူ၍လည်း ဆိုသည်။
အထက်ဖော်ပြပါအချက်များအရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နေသူများ မှာ အစိုးရနှင့် ပြည်သူများပင်ဖြစ်ပြီး အစိုးရ၏မူဝါဒနှင့် ပြည်သူ တို့၏ ဘဝနှင့်အလုပ်အပေါ် သဘောထား၊ လုပ်ရည်ကိုင်ရည်များ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကြောင်းတရား များဖြစ်သည်ဟု တွေ့ရှိနိုင်သည်။ နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် “လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ချင့်ချိန်ဆောင်ရွက် သွားရန် လိုကြောင်း၊ အလားတူ လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊” ထည့်သွင်းမှာကြားခဲ့ရာ ဒေသအလိုက်၊ ကဏ္ဍ အလိုက် တာဝန်ရှိသူများက စနစ်တကျနှင့် တာဝန်ကိုကျေပွန် အောင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထို့အပြင် “လုပ်ငန်း များ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ် ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း၊ ပြီးခဲ့သည့်စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့် သည့်အခါ မိမိတို့လူမျိုးများအနေဖြင့် အမှန်တကယ်အလုပ် လုပ်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း” နိုင်ငံတော် အကြီးအကဲက ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်သူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် လူတိုင်းအမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်သည်။
အာရှတွင် ဦးစွာပထမ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဂျပန်လူမျိုး တို့သည် အလုပ်လုပ်ကိုင်ရာတွင် စိတ်အားထက်သန်သူများဖြစ် ပြီး အလုပ်သည်ဘဝ၊ ဘဝသည်အလုပ်ဟူ၍ ခံယူကြသူများ ဖြစ် ကြသည်။ အလုပ်ကို တာဝန်ကျေပွန်ရုံမျှမက ဂုဏ်ယူ၍လည်း လုပ်တတ်ကြသူများဖြစ်ရာ ဂျပန်နိုင်ငံဖွံ့ဖြိုးတိုးတက်သည်မှာ မဆန်းဟုပင် ဆိုရမည်ဖြစ်သည်။ ထို့အပြင် ၁၉၅၀ ပြည့်လွန် နှစ်များအတွင်းက အာဖရိကနိုင်ငံအချို့ထက်ပင် ဆင်းရဲခဲ့သည့် တောင်ကိုရီးယားတို့သည်လည်း ဇွဲလုံ့လဝီရိယစွမ်းအားဖြင့် အလုပ်လုပ်ကြ၍ စီးပွားရေးအင်အားကြီးမားသည့် နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ မိမိတို့စံနမူနာယူဖွယ်ပင်ဖြစ် သည့်အလျောက် အမှန်တကယ်အလုပ်လုပ်သူ လူမျိုးများ အဖြစ် ဂုဏ်ယူနိုင်ရေး တစ်မျိုးသားလုံး ကြိုးစားကြရပါမည့် အကြောင်း။ ။