ပြည်တွင်းရော်ဘာ အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်

 

ရော်ဘာသည် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေး အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်တွင် တတိယအရေးပါဆုံးသော စက်မှု ကုန်ကြမ်းသီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆ သိန်းကျော် ရှိနေသော်လည်း အထွက်နှုန်းနှင့် အရည်အသွေးတို့ ကောင်းမွန်ရေး၊  တိုးချဲ့စိုက်ပျိုးရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ ရော်ဘာထုတ်လုပ်မှုနှင့် အရည် အသွေးတိုးတက်မြင့်မားရေး၊  ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များ   ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ   ထွက်ပေါ်လာစေ‌ရေးဟူသော    ရည်ရွယ်ချက် သုံးရပ်ဖြင့်  ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ်-၂၀၂၃”က မြန်မာ့ရော်ဘာကဏ္ဍတစ်ခုလုံးအတွက်  အရေးပါသည့်  ရလဒ် ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်မိသည်။


မြန်မာနိုင်ငံမှ နှစ်စဉ်ရော်ဘာတန်ချိန် သုံးသိန်းကျော် ထွက် သည့်အနက် တန်ချိန်နှစ်သောင်းကျော်ခန့်ကိုသာ ပြည်တွင်း၌ သုံးစွဲနေခြင်းဖြစ်ရာ  ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်  လိုအပ်လျက်ရှိသည်။  ၂၀၁၉  ခုနှစ် စာရင်းများအရ  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်   မှတ်ပုံတင်ကား စီးရေ တစ်သန်းရှစ်သောင်းကျော်ရှိပြီး မှတ်ပုံတင်ထားပြီးသော ဆိုင်ကယ်၊  သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီအပါအဝင်   စက်တပ် ယာဉ်စီးရေ ခုနစ်သန်းသုံးသိန်းကျော်ရှိသည်။ ထို့အပြင် စက်ဘီး၊ ဆိုက်ကား စသည့် ဘီးတပ်ယာဉ်များလည်း ရှိနေရာ ၎င်းယာဉ်များ အတွက်  တာယာ၊ ကျွတ် စသည့်ဈေးကွက်မှာလည်း   ကြီးမား သည်။ ပြည်တွင်းတာယာဈေးကွက်တွင်   အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများမှ  တာယာများကို အဓိက တင်သွင်းသုံးစွဲနေ ကြခြင်းဖြစ်ရာ   ရော်ဘာတောင်သူများ၊  ရော်ဘာအခြေခံစက်မှု လုပ်ငန်းရှင်များ၏  အားထုတ်ကြိုးပမ်းမှု၊ နိုင်ငံတော်၏အားပေး ကူညီမှုတို့ဖြင့်  စက်မှုလုပ်ငန်းများထူထောင်ပြီး အရည်အသွေး ကောင်းမွန်သော တာယာအမျိုးမျိုးထုတ်လုပ်၍ ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  ရော်ဘာ အခြေခံထုတ်ကုန်ပစ္စည်းများ  ပြည်ပမှ  တင်သွင်းနေရခြင်းနှင့် စပ်လျဉ်း၍      “စက်ဘီးနှင့်   မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ  အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်းနေရပါကြောင်း၊    ပြည်တွင်း၌  ရော်ဘာအခြေခံစက်မှု လုပ်ငန်းများတိုးတက်အောင်       ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ     ဖန်တီးပေးနိုင်ခြင်း၊    နိုင်ငံခြားငွေသုံးစွဲမှု   လျှော့ချနိုင်ခြင်း စသည့်  အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် စက်ဘီး နှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်ရန်   အလေးအနက်ထား  တိုက်တွန်းရခြင်း ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။


ရော်ဘာကိုအခြေခံ၍ ကလေးကစားစရာမှသည် လူသုံး၊ အိမ်သုံး၊ ကျန်းမာရေးသုံး၊ စက်မှုလုပ်ငန်းသုံး၊ ယာဉ်ယန္တရားသုံး ပစ္စည်းအမျိုးအမည် မြောက်မြားစွာ ထုတ်လုပ်နိုင်သည့်အတွက် ရော်ဘာနှင့် MSME တို့  ဆက်စပ်လျက်ရှိသည်။ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ    ဖွံ့ဖြိုးလာအောင်   ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းရော်ဘာ      စိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင်      အကျိုး သက်ရောက်မှုများ  ဖြစ်ပေါ်လာစေမည့်အပြင် သွင်းကုန်အစားထိုး နိုင်ခြင်း၊ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ရော်ဘာ အခြေခံ ထုတ်ကုန်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း  စသည့်ရလဒ် ကောင်းများ ထွက်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း။       ။