နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့်   စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင်  မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့အား  ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ   မူးယစ် ဆေးဝါးများ၊    ထိန်းချုပ်ဓာတု ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်၊၊
မူးယစ်ဆေးဝါး      တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက် ည ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်  တောင်စဉ်အေး ကျေးရွာအနီးတွင်  တင်ဇော်လတ် မောင်းနှင်၍    ကျော်စန်းဌေး လိုက်ပါလာသည့်  Chenglong Tipper          မော်တော်ယာဉ်ကို
သတင်းအရရှာဖွေရာ  ယာဉ်ပေါ် တွင်  ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်   သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပြီး   စစ်ဆေးဖော်ထုတ် ချက်အရ စိတ်ကြွရူးသွပ်ဆေးပြား များ   တာဝန်ခံသယ်ဆောင်သူ ထန်ခိုဆေးအား  ယင်းနေ့ ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇ x ၂၈ ကြား ၆၃ (C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ် တပ်ကြီးကုန်း ကျေးရွာရှိ  ၎င်း၏  နေအိမ်မှ မူးယစ်ဆေးဝါး        သယ်ဆောင် ရောင်းဝယ်ရာတွင် အသုံးပြုသည့် Toyota Landcruiser မော်တော် ယာဉ် တစ်စီးနှင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိ သည့် ငွေကျပ်  ၁၂၀၂   သိန်း သိမ်းဆည်း     ရမိခဲ့ကြောင်း၊ ကွင်းဆက်  ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီတွင် ချမ်းအေးသာစံမြို့နယ် အောင်နန်း (အရှေ့)ရပ်ကွက်နေ ဝင်းအောင် အား စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း၊ PRADO မော်တော်ယာဉ် တစ်စီးနှင့်အတူ     ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊   မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ် သည့်      ငွေကြေးစီးဆင်းမှုများ ကို စိစစ်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီ တွင်   မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်           အိုင်ကြီး ကျေးရွာနေ  သန်းသန်းထွန်း(ခ)အားစိုင်းကို           စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊ SUPER CUSTOM မော်တော်ယာဉ် တစ် စီးနှင့်အတူ    ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲ တွင်   စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့  တာဟန်းရပ်ကွက်ရှိ မလားဆန်းခူးမီးကို   ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန် နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ကို      မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ      မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊  စစ်ကိုင်း တိုင်းဒေသကြီးတို့သို့ သယ်ဆောင် ရောင်းဝယ်ပြီး  စိတ်ကြွရူးသွပ် ဆေးပြား  ထုတ်လုပ်ရာတွင်အသုံး ပြုသည့်  ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို      ကလေးမြို့မှ ရှမ်းပြည်နယ်သို့     သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား     မူးယစ်ဆေးဝါးနှင့် စိတ်ကို        ပြောင်းလဲစေသော ဆေးဝါးများ    ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး   ကွင်းဆက် ပြစ်မှု      ကျူးလွန်သူများအား ဆက်လက်  စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့်   အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး      သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများ ကို          ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်  ငွေ ကြေးခဝါချမှု         တိုက်ဖျက်ရေး ဥပဒေဖြင့်  ဆက်လက်အရေးယူ နိုင်ရေး         ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။    

သတင်းစဉ်