ယုံကြည်မှုဖြင့် တည်ဆောက်မှသာလျှင် ပြည်သူလူထု ပူးပေါင်းပါဝင်မည်

 

၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများတွင် ဆန္ဒပြုမှုများမှသည်     သွေးထိုးလှုံ့ဆော်မှုများကြောင့်   ဆူပူ သောင်းကျန်းမှု၊ အကြမ်းဖက်ဖျက်ဆီးမှု စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲသွားခဲ့ပြီး နိုင်ငံရေးလမ်းကြောင်းပေါ်မှသည် အကြမ်း ဖက်လက်နက်ကိုင်ဆန့်ကျင်သည့် လမ်းကြောင်းဆီသို့ ရောက်ရှိ သွားခဲ့သည်ကို    လွန်ခဲ့သည့်နှစ်များအတွင်း   ပြည်သူအားလုံး တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ PDF အပါအဝင် အဆိုပါကာလအတွင်း ပေါ်ပေါက်လာသည့်     အမည်အမျိုးမျိုး     ခံယူထားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အုပ်စုများမှာ ၎င်းတို့လက်တွေ့ ပြုကျင့်ခဲ့သည့် လုပ်ရပ်များအရ အကြမ်းဖက်အဖွဲ့များဖြစ်ကြသည် ကိုလည်း တွေ့ရှိနိုင်သည်။


အတိတ်ကာလက ကွန်မြူနစ်တို့၏ခြေရာကို တစ်ထပ်တည်း နင်းကာ ရန် - ငါ ပြတ်သားရမယ်၊ အစိုးရဒေါက်တိုင်တွေကို ရှင်း၊ ကြားနေမရှိ ဟူသော လှုံ့ဆော်မှုများ၏နောက်တွင် ရဟန်းသံဃာ သီလရှင်များ၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ အပြစ်မဲ့ပြည်သူ များကိုပါ     လုပ်ကြံသတ်ဖြတ်သည်အထိ     အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသည်။    ပြည်တွင်းမတည်ငြိမ်မှုနှင့်   ပဋိပက္ခများ ဖြစ်ပေါ်မှုတို့ကို အခွင့်ကောင်းယူ အမြတ်ထုတ်လိုကြသည့် EAO အချို့ကလည်း အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေး ခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ခြင်းတို့ကို နောက်ကွယ်မှ ပြုလုပ် ပေးခဲ့ခြင်းတို့ကြောင့်     ပြည်တွင်း၌     အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှု၊  သတ်ဖြတ်မှုများ  အရှိန်မြင့်ခဲ့ရသည်။  လက်ရှိနိုင်ငံ့ တာဝန်ကို ယူထားရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတ၍ နည်းလမ်းကျန မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးနှင့် ယင်းမှထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ် နိုင်ရေးဖြစ်ရာ အဆိုပါရည်မှန်းချက် အောင်မြင်ပြီးမြောက်နိုင်ရန် မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရရှိရန်လိုသည်။


“ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန် အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့်  နိုင်ငံတော်အတွက်  ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏   အသက်အိုးအိမ်စည်းစိမ်များလည်း   ထိခိုက်ခဲ့ရ ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြု ပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၆ ရက်က ရင်းရင်းနှီးနှီးတွေ့ဆုံရာ၌  ပြောကြားခဲ့ပြီး  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)တွင်လည်း ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်နှင့် စပ်လျဉ်း၍ “ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူ လူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ အားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်    တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည် လည်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊  အဓိကမှာ အကြမ်းဖက် သူများ၏    သတင်းပေးပို့ရန်ဖြစ်ပြီး    သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေးစနစ် ကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။


နိုင်ငံအတွင်း လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်  တရား ဥပဒေစိုးမိုးရေးတို့သည် ပြည်သူအားလုံး၏ နေ့စဉ်ဘဝများနှင့် သက်ဆိုင်သည့်အလျောက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုသည်။  ပြည်သူ့လုံခြုံရေးစနစ်တွင်  ပြည်သူလူထုတစ်ရပ်လုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာရန်မှာ ယင်းစနစ်ကို ပြည်သူ လူထုနှင့်အတူ ဖော်ဆောင်ကြရမည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် လုံခြုံရေးအဖွဲ့အစည်းများ၏ စည်းကမ်းကောင်းမွန်မှု၊ တာဝန် ကျေပွန်မှုနှင့်အတူ  စည်းရုံးမှုစွမ်းရည်မြင့်မားရန် လိုအပ်မည်ဖြစ် သည့်အပြင် “ယုံကြည်မှုဖြင့် တည်ဆောက်မှသာလျှင် ပြည်သူ လူထုပူးပေါင်းပါဝင်မည်”ဟူသော အသိကိုလည်း  စွဲမြဲထားကြရ ပါမည့်အကြောင်း။          ။