
၁။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာ ဗျူဟာ (အက်ခ်မက်) (Ayeyawady-Chao Phraya-Mekong Economic Coopera-tion Strategy ACMECS) အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွား မည်ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၁၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၃၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။
၂။ အဆိုပါပြိုင်ပွဲသို့ အသက် ၁၅ နှစ်နှင့် အထက် မြန်မာနိုင်ငံသားများ တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါသည်။ Logo Design ၏ Theme မှာ “ACMECS as an adaptive and forward-looking sub-regional cooperation framework and connector with other sub-regional and regional frameworks towards a prosperous and sustainable Mekong sub-region” ဖြစ်ပါသည်။ ပြိုင်ပွဲ လျှောက်လွှာများကို ACMECS Interim Secretariat ၏ အီးမေးလ် acmecs.sec@gmail.com သို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပေးပို့လျှောက်ထားနိုင်ပါ သည်။
၃။ အက်ခ်မက် Logo Design ပြိုင်ပွဲဝင် သူများ သိရှိလိုက်နာရန်နှင့် နည်းပညာ ဆိုင်ရာ အဓိကအချက်အလက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
(က) ပြိုင်ပွဲဝင်သူသည် Logo Design ရေးဆွဲသူကိုယ်တိုင် ဖြစ်ရမည်။ Logo Design သည် မူရင်းဖြစ်ရမည်။ အငြင်းပွား/ကန့်ကွက်ဖွယ် ရာများ မပါရှိရ။ အခြားအဖွဲ့ အစည်း၏ ဉာဏပိုင်ဆိုင်မှု အခွင့်အရေးကို ဖောက်ဖျက် ခြင်းမရှိရ။
(ခ) ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ACMECS Interim Secretariat တို့သည် ပြိုင်ပွဲ ဝင် Logo Design နှင့် ပတ်သက်သည့် မူပိုင်ခွင့် ချိုးဖောက်မှု၊ ဉာဏပိုင်ဆိုင်မှု ချိုးဖောက်မှုများနှင့် ပြင်ပ အဖွဲ့အစည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် အငြင်း ပွားမှုများကို တာဝန်မယူပါ။
(ဂ) ဆုရရှိသည့် Logo Design သည် ACMECS Interim Secretariat ၏ ဉာဏ ပိုင်ဆိုင်မှုဖြစ်ပြီး ဆုရရှိသူ အနေဖြင့် ဆုလက်ခံပြီးသည့် အချိန်မှစ၍ ၎င်း Logo Design နှင့်ပတ်သက်၍ မည်သည့် အခွင့်အရေးမှ ခံစားနိုင်မည် မဟုတ်ပါ။
(ဃ) ပြိုင်ပွဲဝင်များသည် Logo Design ကို JPEG/PNG/PDF ဖိုင်အမျိုးအစားဖြင့် ပေးပို့ရ မည်။ Logo သည် High Resolution နှင့် အနည်းဆုံး 300 DPI အရွယ်အစား ဖြစ်ရ မည်။ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် ရေးဆွဲထားသော Logo ဖြစ်ရမည်။ ပြိုင်ပွဲဝင်များ သည် Logo Design ကို ရေစာ (imprint/watermark) ကဲ့သို့ ရေးဆွဲ၍ မရပါ။ Logo Design သည် အရောင်ဖြင့် ဖြစ်ရမည်။
(င) ဆုရွေးချယ်ခံရသူသည် ၎င်း Logo Design ကို အချိုးအစား အတိအကျ ဖော်ပြထားသည့် Specification Sheet ဖြင့် Final Design၊ Theme Synopsis နှင့် Concept တို့ နှင့်အတူ ပေးပို့ရမည်။ ဆုရွေး ချယ်ခံရသူသည် ၎င်း Logo Design ကို ပြုပြင်နိုင်သော Open File Format ဖြင့် လည်း ပေးပို့ရမည်။
၄။ ပြိုင်ပွဲဝင်များအား အောက်ပါအတိုင်း စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်-
(က) ပြိုင်ပွဲဝင် လျှောက်လွှာများ ကို ACMECS Interim Secretariat မှ စိစစ်လက်ခံ၍ အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဆုရွေးချယ် ရေးကော်မတီမှ အကဲဖြတ် ရွေးချယ်မည်ဖြစ်သည်။
(ခ) ပြိုင်ပွဲဝင်လျှောက်လွှာများကို တီထွင်ဆန်းသစ်မှု၊ မူပိုင်ဒီဇိုင်း ဖြစ်မှု၊ ဖွဲ့စည်းတည်ဆောက် မှု၊ နည်းပညာဆိုင်ရာအရည်အသွေးပြည့်ဝမှု၊ ရိုးရှင်းမှု၊ အနုပညာ ဆန်မှု၊ အမြင် သင့်လျော်မှုနှင့် Logo Design ၏ Theme နှင့် လိုက်လျော ညီထွေရှိမှုတို့အပေါ် အခြေခံ ၍ အကဲဖြတ်သွားမည်။
(ဂ) သတ်မှတ်ချက်နှင့် မကိုက်ညီ သည့် ပြိုင်ပွဲဝင်လျှောက်လွှာ များကို ACMECS Interim Secretariat မှ အသုံးပြုမည် မဟုတ်ပါ။ ပြိုင်ပွဲ/ပြိုင်ပွဲဝင် လျှောက်လွှာများ/ ဆုရရှိသူ များနှင့် ပတ်သက်၍ ဥပဒေ ကြောင်းအရ ဆောင်ရွက်ရန် ကိစ္စရပ်တစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ထိုင်းနိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
၅။ ပြိုင်ပွဲလျှောက်လွှာပုံစံ (Applicati- on Form)၊ Terms and Conditions နှင့် ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက် များကို https://shorturl.at/zAJOW နှင့် ပူးတွဲကြော်ငြာချက်ပါ QR Code တို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ရယူနိုင်ပါကြောင်း ဖော်ပြအပ် ပါသည်။