မြန်မာ့လက်ရွေးစင်အသင်းနှင့် အား/ကာသိပ္ပံအသင်း ခြေစမ်းပွဲတွင် တစ်ဂိုးစီသရေကျ

 

ရန်ကုန်   ဖေဖော်ဝါရီ  ၁


၂၀၂၆  ကမ္ဘာ့ဖလား   ဒုတိယအဆင့်   ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့်      မြန်မာ့လက်ရွေးစင်အသင်းသည် တတိယမြောက်ခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၃၁ ရက်က  MNL  ကလပ်   အား/ကာသိပ္ပံအသင်းနှင့်   ခြေစမ်းကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်းသည်  ဒုတိယအကြိမ်   လေ့ကျင့်မှုအဖြစ်     ဇန်နဝါရီ  ၂၅   ရက်မှ  ဖေဖော်ဝါရီ ၃ ရက်အထိ  လေ့ကျင့်နေခြင်းဖြစ်ပြီး  မြန်မာနေရှင်နယ်လိဂ် ကလပ် အား/ကာသိပ္ပံအသင်းနှင့်   ခြေစမ်းကစားခြင်းဖြစ်သည်။  မြန်မာ့လက်ရွေးစင် အသင်းသည်  ပြည်တွင်းကလပ်များတွင် ကစားနေသူအများစုဖြင့်  လေ့ကျင့်နေခြင်းဖြစ်ပြီး 
အား/ကာသိပ္ပံအသင်းမှာလည်း   မတ်လတွင်စတင်ကျင်းပမည့် MNL Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အသင်းအတွက်  ဂိုးကို  ဟိန်းထက်အောင်က သွင်းယူပြီး အား/ကာ သိပ္ပံအသင်းအတွက် ဂိုးကို သိန်းဇော်သီဟက သွင်းယူခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယအကြိမ် လေ့ကျင့်မှုအဖြစ် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်ပကလပ်များတွင်  ကစားနေသူများမှာ သက်ဆိုင်ရာကလပ်များနှင့် လေ့ကျင့်နေသဖြင့် ပြည်တွင်းကလပ်များတွင် ကစားနေသူများကိုသာ ဦးစားပေးလေ့ကျင့်ပေးနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ခြေစမ်းပွဲသုံးပွဲကစားထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပထမအကြိမ်လေ့ကျင့်ရာတွင် ခြေစမ်း ပွဲနှစ်ပွဲ ကစားခဲ့ပြီး ယခုဒုတိယအကြိမ် လေ့ကျင့်ရာတွင် ခြေစမ်းပွဲထပ်မံ ကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများ တွင် သစ္စာအားမာန်အသင်းကို လေးဂိုး - နှစ်ဂိုး၊   မြဝတီအသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရပြီး အား/ကာသိပ္ပံအသင်းနှင့် သရေကျ ခဲ့ခြင်းဖြစ်သည်။               

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF