
ရန်ကုန် ဖေဖော်ဝါရီ ၂
MBT Fight Force Promotions (Myanmar)နှင့် သြစတြေးလျနိုင်ငံမှ Max Win Australia(ကမ္ဘာ့တိုက်ခိုက်ရေးအားကစားများ မြှင့်တင် ရေးအတွက် ပြိုင်ပွဲများ စွန့်ဦးတီထွင်စီစဉ် ကျင်းပရေးအဖွဲ့)တို့ ပူးပေါင်း၍ မြန်မာနှင့် ကမ္ဘာ့ပထမဆုံးအကြိမ် CROSS (အသွင် မတူသော/ပညာချင်းမတူသော)တိုက်ခိုက်ရေးအားကစားပြိုင်ပွဲများနှင့် DUO (တိုက်ခိုက် ရေးအားကစားအစုံ)က တစ်ဖက်လျှင် နှစ်ဦး ပါဝင်သော ပြိုင်ပွဲများကို (၂၀၂၄) ခုနှစ်အတွင်း မက်စ်ဝင်းမြန်မာကုမ္ပဏီလီမိတက်မှသက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှကျင်းပခွင့် ရပါက ထူးထူးခြားခြားစွန့်ဦးစီစဉ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါယာယီအတွဲဖြစ်သောမြန်မာ့ရိုးရာလက်ဝှေ့နှင့် တိုက်ကွမ်ဒို၊ မြန်မာ့ရိုးရာသိုင်းနှင့် ကရာတေး၊ မြန်မာ့ရိုးရာလက်ပမ်းနှင့် မွေဘို ရန်၊ ကွန်ဖူးနှင့် ကစ်ဘောက်ဆင်၊ MMA နှင့် မြန်မာ့ရိုးရာလက်ဝှေ့၊ Free Style နှင့် ဗလာ လက်သီး Bare Knuckle တို့ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ကမ္ဘာနှင့် မြန်မာ့ပထမဆုံးဖြစ် သော မြန်မာ့ရိုးရာလက်ဝှေ့နှင့် မြန်မာ့ရိုးရာ သိုင်း၊ ကရာတေးနှင့် တိုက်ကွမ်ဒို၊ မွေထိုင်းနှင့် မွေဘိုရန် ခွန်ခမာ(ကမ္ဘောဒီးယား)နှင့် ဗိုဗီနမ် (ဗီယက်နမ်)၊ BJJ (ဘရာဇီး) ဂျူဂျစ်စုနှင့် MMA ၊ မြန်မာ့ရိုးရာလက်ဝှေ့နှင့် တိုက်ကွမ်ဒို ပညာရပ်များ ယှဉ်ပြိုင်မည့် DUO အဖွဲ့အစည်း ကြီး၏ ပြိုင်ပွဲများတွင် တစ်ဖက်လျှင် တိုက်ခိုက်ရေးအားကစားသမား နှစ်ဦးပါဝင်ပြီး ကြိုးဝိုင်းအတွင်း တစ်ဖက်မှ တစ်ယောက် တစ်ကြိမ်လျှင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြေးစားအနောက်တိုင်းလက်ဝှေ့ (Pro-fessional Boxing)(မြန်မာနိုင်ငံတွင် MBT Fight Force Promotions မှ စွန့်ဦးပြန်လည် ဖော်ထုတ်မည်)ကြေးစားအဆင့် လူရွေးပွဲများကိုယခုနှစ်တွင်မြန်မာပြည်တစ်ဝန်းမှကြေးစားထိုးသတ်လိုသူများအတွက်စီစဉ်၍ ပြည်ပမှ ကြေးစားအနောက်တိုင်း လက်ဝှေ့အားကစား သမားများဖြင့် ယှဉ်ပြိုင်စေ၍ ကြေးစားအဆင့် Ranking များ သတ်မှတ်ပေးမည်ဖြစ်သည်။ ကမ္ဘာ့အထင်ကရ ကြေးစားအနောက်တိုင်း လက်ဝှေ့အဖွဲ့အစည်းကြီးများဖြစ်သော WBA, WBC တို့တွင် ကမ္ဘာ့ချန်ပီယံများဖြစ်လာစေရန် နှင့် နိုင်ငံနှင့်လူမျိုးဂုဏ်ဆောင်သူများဖြစ်လာစေရန်၊ နိုင်ငံတော်သို့ ၎င်းတို့ ထိုးသတ်ကြေး ရရှိသည့် ဆုကြေးများမှဝင်ငွေခွန်ရရှိစေရန် လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
“ယခုနှစ်တွင်ကျင်းပမည့် အားကစားများ တွင်DUO (တိုက်ခိုက်ရေးအားကစားသမား တစ်ဖက်နှစ်ဦးပါဝင်သော အသွင်တူ / အသွင် မတူသော) တိုက်ခိုက်ရေးအားကစားပြိုင်ပွဲများ၊ CROSS (အသွင်မတူသော / ပညာချင်းမတူ သော) တိုက်ခိုက်ရေးအားကစား ပြိုင်ပွဲ များ၊ မြန်မာ့ရိုးရာလက်ဝှေ့နှင့် မြန်မာ့ရိုးရာ လက်ပမ်းလက်ဝှေ့ကြေးစားပြိုင်ပွဲများ၊ မြန်မာ့ရိုးရာထုပ်ဆီးတိုးအားကစားနှင့် ပိုက်ကျော် ခြင်း အားကစားများကို ကြေးစားအဆင့် ပြိုင်ပွဲများ၊ DUO တိုက်ခိုက်ရေးအားကစား ပြိုင်ပွဲများ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲများ ကို မည်သည့်ပုံစံဖြင့်ဖြစ်စေ အတုခိုးလိုက်လုပ် ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများဖြင့် အရေးယူတရားစွဲသွားမည်” ဟု မက်စ်ဝင်း မြန်မာကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိ ချုပ် ဦးတင်ဦး(မောင်တင်ဦး /ခွန်မာတင်) က ပြောသည်။
Max Win Australia နှင့် Max Win Myanmar ကုမ္ပဏီသည် ၂၀၀၁ ခုနှစ် ဇွန် ၉ ရက်နှင့် ၁၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏရှိ အမျိုးသားအားကစားရုံ(၁) (မိုးလုံလေလုံ)၌ နိုင်ငံတော်အဆင့် “နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာ - သြစတြေးလျ အနောက်တိုင်းလက်ဝှေ့ လက်ရည်စမ်း ပြိုင်ပွဲ” ကြီးကို Austmar International (Australia) နှင့် R.A.F Co., Ltd တို့ကို ကိုယ်စားပြု၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
အာကာစိုး