တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည် ထောင်စုနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ် နှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို လူမျိုးစုများအတွင်း မြှင့်တင်မှုပြုလုပ်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် ဖန်တီးခြင်းတို့က နိုင်ငံနှင့် ပြည်သူများ အားလုံးအတွက် လွန်စွာအန္တရာယ်ကြီးသည်။ ကမ္ဘာ့နိုင်ငံ များစွာတို့တွင် လူမျိုးစုများ အတူတကွ ယှဉ်တွဲနေထိုင် ပူးပေါင်းလုပ်ကိုင်ရေး သို့မဟုတ် လူမျိုးစုစည်းလုံးညီညွတ်ရေး သည် ခက်ခဲသလောက် လူမျိုးရေးဆိုင်ရာ စိတ်ဓာတ်ကို မီးထိုးပေးပြီး သီးခြားဝိသေသလက္ခဏာများ ပြသခွဲခြားခြင်း က လွယ်ကူသည်ဖြစ်ရာ ရန်လိုစိတ်ရှိသည့် လူမျိုးစုခေါင်းဆောင် တို့က ယင်းနည်းလမ်းကို အသုံးချပြီး အာဏာကို ရယူလေ့ ရှိကြသည်။
ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ဟစ်တလာ၏ နာဇီပါတီက ဂျာမန်လူမျိုးတို့ကို အာရီယန်အနွယ်ဝင် မဟာလူမျိုးကြီးအဖြစ် ဝါဒဖြန့်ခဲ့ပြီး ဂျူးလူမျိုးများ၊ ဆလဗ်လူမျိုးများကို မုန်းတီး စေရန် လှုံ့ဆော်ခဲ့ကြသည့်ဥပမာမှာ ထင်ရှားသည့် ဥပမာ တစ်ခုဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံရှိ တိုင်းရင်းသားအကြမ်း ဖက်သောင်းကျန်းသူ အချို့မှာလည်း ဟစ်တလာ၏ လမ်းစဉ် ကိုလိုက်ကာ အတူနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား ပြည်သူများအကြား လူမျိုးတစ်မျိုးနှင့်တစ်မျိုး အထင်အမြင် လွဲမှားစေရန်၊ နာကြည်းမုန်းတီးမှုများ ဖြစ်ပေါ်စေရန် ဖန်တီး လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တိကျသည့် အမျိုးသားနယ်နိမိတ် (National Territories) အတွင်း နေထိုင် နေကြခြင်းမဟုတ်ဘဲ ရောနှောပျံ့နှံ့နေထိုင်ကြခြင်းဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးတို့အရ လူနည်းစုများလည်း ရှိနေကြ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ မြို့တော်များ၊ မြို့ကြီးများ စသည်တို့တွင် တိုင်းရင်းသား လူမျိုးများ ပျံ့နှံ့နေထိုင်ကြပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး အရလည်း အပြန်အလှန် ကူးလူးဆက်ဆံနေကြရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသော ပြဋ္ဌာန်းချက်များအရ တိုင်းရင်းသားများအားလုံး၊ နိုင်ငံသား များအားလုံး လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍မရှိ တန်းတူသာ ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးကိုလည်း အဆင့်အတန်းခွဲခြား၍မထား၊ အတူတူသာလျှင် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ် ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ အခွင့်အရေးများလည်း အညီအမျှပင် ခံစားခွင့်ရှိသည်။ မိမိနှင့် မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း မွေးဖွား သည့် တိုင်းရင်းသားမှဖြစ်သည့် နိုင်ငံသားတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင်လည်း သစ္စာရှိ၊ အရည်အချင်းတို့နှင့် လည်း ပြည့်စုံလျှင် နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သော သမ္မတလည်း ဖြစ်ခွင့်ရှိသည်။ ဗမာလူမျိုးသာလျှင် ဖြစ်ခွင့်ရှိ သည်ဟု ပြဋ္ဌာန်းထားခြင်းမဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ရွေးကောက်ခံအစိုးရ နှစ်ဆက်မျှသာရှိသေး ရာ နိုင်ငံတွင် ဒီမိုကရေစီသက်တမ်း ရင့်ကျက်လာသည်နှင့် အမျှ နိုင်ငံသား၊ တိုင်းရင်းသားတို့၏ အခွင့်အရေးများ ပိုမို ပီပြင်စွာ တွေ့ရှိလာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံအတွင်း လူမျိုးရေး အစွန်းရောက် လှုံ့ဆော်မှုများ၊ လူမျိုးရေး မုန်းတီးမှုနှင့် ပဋိပက္ခ များ ဖြစ်ပေါ်အောင် ဖန်တီးမှုများကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးက တစ်ခဲနက်ရှုတ်ချကြရမည် ဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံး အပြန်အလှန်ချစ်ခင် လေးစားမှု၊ နားလည်ယုံကြည်မှု၊ ရိုင်းပင်းကူညီမှုများ ခိုင်မြဲ သည်ထက် ခိုင်မြဲအောင် တည်ဆောက်ကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရေးသည် မိမိတို့အားလုံး ၏ အမျိုးသားရေးတာဝန်အဖြစ် စွဲမြဲစွာ ခံယူကြရပါမည့် အကြောင်း။ ။