MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၂) ယနေ့ပြန်လည်ကျင်းပမည်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၁၃


ခေတ္တရပ်နားထားသည့် MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် (ယနေ့) ပြန်လည်ကျင်းပမည်ဖြစ်သည်။


ပွဲစဉ် (၁၂) အဖြစ် ယနေ့ နံနက် ၈ နာရီတွင် ဖူဆယ်ချစ်သူအသင်းနှင့် လက်ဝဲ သုန္ဒရအသင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် Winner Soccer အသင်းနှင့် MIU အသင်း၊ နံနက် ၁၁ နာရီခွဲတွင် Generations အသင်းနှင့် Dream Team အသင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် Futsal-19 အသင်းနှင့် VUC အသင်း၊ မွန်းလွဲ  ၃ နာရီ တွင် M2K အသင်းနှင့် လင်းလက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၁) အပြီးတွင် VUC အသင်းက ရမှတ် ၃၃ မှတ်ဖြင့် ဦးဆောင်နေပြီး MIU အသင်းက ၂၅ မှတ်၊ Winner Soccer အသင်းနှင့် Generations အသင်းတို့က ၂၃ မှတ်စီ၊ Futsal-19 အသင်းက ၁၆ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ၁၂ မှတ်၊ M2K အသင်းက ရှစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းနှင့် လင်းလက်အသင်း တို့က ခုနစ်မှတ်စီ၊ Dream Team အသင်းက ခြောက် မှတ် ရရှိထားသည်။ ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ဆန်းပိုင်းအထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအပြီး အမှတ်အများဆုံးရရှိသည့်       ထိပ်ဆုံးသုံးသင်းမှာ ချန်ပီယံဆုအတွက် Play-off ပွဲစဉ် ပြန်ကစားရမည် ဖြစ်သည်။ ဖူဆယ်လိဂ်-၁ ပြိုင်ပွဲကို မြန်မာ့လက် ရွေးစင်ဖူဆယ်အသင်း  နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ဇန်နဝါရီ ၂၀ရက် ပွဲစဉ်များအပြီးတွင် ခေတ္တ ရပ်နားခဲ့ခြင်းဖြစ်သည်။      

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF