ခေတ်သမိုင်းတာဝန်ကျေပွန်ကြစို့

 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း  အသိအမြင်၊ နားလည်မှုလွဲမှားစေရန်၊ ထင်ယောင်ထင်မှား ဖြစ် စေရန် ပြည်ဖျက်မီဒီယာတို့က သွေးထိုးလှုံ့ဆော်မှု၊ သတင်းတု သတင်းမှား  ထုတ်လွှင့်မှုတို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းပြောကြားမှုများ စဉ်ဆက်မပြတ်ပြုလုပ်၍ အများပြည်သူ မှန်ကန်စွာသိနားလည် လာစေရန် ဆောင်ရွက်နေရသည်။ မမှန်မကန် ဝေဖန်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့သော ပြည်သူလူထုကြား ထဲတွင် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လျက်ရှိသော်လည်း အခြေအနေ၊ အချိန်အခါနှင့်   ကိုက်ညီစွာ  စတင်အာဏာသက်ဝင်လာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား   အနယ်နယ်အရပ်ရပ်မှ ပြည်သူ များက တစ်ခဲနက်ဆန္ဒထုတ်ဖော်ကြိုဆိုထောက်ခံနေကြသည့် မြင်ကွင်းများကို တွေ့ရသည်။


နိုင်ငံကို ပြည်တွင်းရန်၊ ပြည်ပရန်တို့မှ ကာကွယ်နိုင်ရန်အတွက် မိမိတို့နိုင်ငံနှင့်ကိုက်ညီမည့် စစ်မဟာဗျူဟာများကို ရေးဆွဲချမှတ် ကာ     အသင့်အနေအထားရှိအောင်  နိုင်ငံတိုင်းက   ကြိုးပမ်း တည်ဆောက်ထားကြရသည်။    ပထဝီအနေအထားအရ  မြန်မာ နိုင်ငံနှင့်အသင့်တော်ဆုံးသော  စစ်မဟာဗျူဟာသည်   ပြည်သူ့ စစ်မဟာဗျူဟာဖြစ်ပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံတွင် စတင်ဆွေးနွေး ကာ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ သည်။ ယင်းမတိုင်မီ ၁၉၅၉ ခုနှစ်ကတည်းက “ပြည်သူ့ စစ်မှုထမ်း ဥပဒေ” ပြဋ္ဌာန်းထားခဲ့ရာ   နှစ်ပေါင်း   ၅၀    ကျော်ပြီးနောက်  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် တွင် ၎င်းဥပဒေကို ပြင်ဆင်ကာ ဥပဒေအမှတ်(၂၇/၂၀၁၀) အဖြစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေသည် ၁၄ နှစ်ခန့် ကြာမြင့်ပြီးနောက်မှ  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အာဏာသက်ဝင်လာခဲ့ခြင်းပင်ဖြစ်သည်။


စင်စစ်ပြည်သူ့စစ်မဟာဗျူဟာသည်    မြန်မာတို့အတွက် အစိမ်းသက်သက်မဟုတ်ဘဲ သမိုင်းတစ်လျှောက်လုံးတွင် ကျင့်သုံး ခဲ့သည့် စစ်မဟာဗျူဟာပင်ဖြစ်သည်။ ပုဂံခေတ်မှစ၍ ကုန်းဘောင် ခေတ်နှောင်းအထိ ရာစုနှစ်များစွာ အမြဲတမ်းတပ်မတော်ဟူ၍ မရှိခဲ့။ ဘုရင့်နေပြည်တော်အရပ်လေးမျက်နှာကို စောင့်ကြပ်ကြ သည့် စစ်သူရဲ ၄၀၀၀ နှင့် တပ်မှူးလေးဦးတို့မှလွဲလျှင် တိုင်းပြည် အတွက် စစ်မက်အရေး ပေါ်ပေါက်သည့်အခါမှသာ ရဲရင့်ကျန်းမာ သန်စွမ်းသူတို့ကို ဆင့်ခေါ်၊ စုရုံး၊ ဖွဲ့စည်းတိုက်ခိုက်ခြင်းဖြစ်သည်။ လိုအပ်လာလျှင်  အဆင်သင့်ဆင့်ခေါ်နိုင်ရန်အတွက် မြို့ပြကြီးငယ် ကိုလိုက်၍ ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့ စသည်ဖြင့် မြို့ပြ များကို တည်ရပြီး ပုဂံခေတ်တွင် အနော်ရထာမင်းက ဤစနစ်ကို စတင်တီထွင်ခဲ့သည်ဟု မှတ်သားရသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့်ခေတ်များတစ်လျှောက် လုံး ပြည်သူများသည် သာမန်အချိန်တွင် ကုန်သွယ်လယ်လုပ်များ ဖြစ်ကြသော်လည်း စစ်ရေးစစ်ရာပေါ်ပေါက်လာသည့်အခါတွင် စစ်သည်တော်များအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။


ပြည်သူ့စစ်မှုထမ်းဥပဒေ၊       အမျိုးသားစစ်မှုထမ်းစနစ်  (National Service)  သည်    အနာဂတ်ကာလများသို့တိုင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံ ၏    အသက်သွေးကြောဖြစ်သည့်   ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန် ရှိသည့်အလျောက် နိုင်ငံသားတိုင်း စစ်ပညာ၊ နိုင်ငံတော်ကာကွယ် ရေးပညာ  တတ်မြောက်ထားကြရန်လိုသည်။  ရေရှည်တွင် နိုင်ငံ သားအားလုံး စစ်ပညာတတ်မြောက်လာကြသည်နှင့်အမျှ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားလည်း ပို၍ပို၍ မြင့်မားလာမည်ဖြစ်သည်။ စိတ်ဓာတ်ရေးရာအရလည်း အမျိုးသားရေးစိတ်ဓာတ်ရှင်သန်လာ မည်ဖြစ်သကဲ့သို့ အတူတကွတာဝန်ထမ်းဆောင်ကြရင်း ပိုမို၍ စည်းလုံးညီညွတ်၊ ရင်းနှီးချစ်ခင်လာကြမည်ဖြစ်သည်။ နိုင်ငံတော် လုံခြုံရေး၊   တည်ငြိမ်အေးချမ်းရေးအတွက်   မိမိတို့ခေတ်တွင် ကျရောက်လာသည့်   သမိုင်းပေးတာဝန်ကို     နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်ဖြင့်      စွမ်းစွမ်းတမံ    ထမ်းဆောင်ကြရပါမည့် အကြောင်း။    ။