မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင်သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၇


မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်၌      တရားမဝင် သိုလှောင်ထားသည့်   ငွေကျပ်  ၂ ဘီလီယံတန်ဖိုးရှိ  ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိခဲ့ ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါး       တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင် များ   ပါဝင်သော   ပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ်  ၅၂ လမ်း၊     ၁၃၉       လမ်းထောင့်ရှိ ကျော်စိုး(ခ) အားလျံ   ငှားရမ်းထားသည့်   ဂိုဒေါင်ကို  သတင်းအရ ရှာဖွေရာ ဂိုဒေါင်အတွင်းမှ တရားမဝင်သိုလှောင်ထားသော ဆာလာ အိတ် ၂၀၀ ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ   သိမ်းဆည်းရမိ    ကဖင်းများကို   မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့   သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်  ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား  ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။                   
 

သတင်းစဉ်