
နေပြည်တော် မတ် ၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင် ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌
သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Polyester 3D Air Mesh ခေါင်းအုံး ၆၀၅ ဒသမ ၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ဖမ်းဆီးရမိမှု
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက်တွင် ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ဘူး ၁၅၀၀၀ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်တန်ဖိုးငွေကျပ် ၁၂၃၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Higer Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မတ် ၁ ရက်တွင် တွံတေးမြို့နယ် တွံတေး - လှိုင်သာယာကားလမ်း တမာတကောကျေးရွာအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် အခြားသစ် ၂၉ ဒသမ ၂၁၃ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၃၈၂၀၁၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၈၂၀၁၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ဖမ်းဆီးရမိမှု
ထို့အပြင် မတ် ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၁၆၀ တန်၊ အခြားသစ် ၆ ဒသမ ၅၂၈ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၇၈၃၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ကရင်ပြည်နယ် ဖမ်းဆီးရမိမှု
ထို့အပြင် မတ် ၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့ ကမော့ကစင်ကျေးရွာ အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ ဘူး ၇၈၀၀၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၁၇၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yar Zar Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၂၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၉ ရက်၊ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၀၂၇၈၄၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်