ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၆ 
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ   လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော   ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်မြို့နယ်  ချောင်းသာကျေးရွာ အနီး       သဲဖြူကျွန်းအနောက် မြောက်ဘက်   ရေမိုင် ငါးမိုင်ခန့် အကွာ  ပင်လယ်ပြင်တွင်  မသင်္ကာ ဖွယ်    စက်လှေကို    စစ်ဆေးခဲ့ရာ    စက်လှေပေါ်မှ     ဒေသကာလ  တန်ဖိုးငွေကျပ်    ၅  ဒသမ   ၂၄ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ကြွ ရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေး ဖော်ထုတ်ချက်အရ     ယင်းနေ့ မွန်းလွဲ  ၃  နာရီတွင်   ပူးပေါင်း အဖွဲ့သည် သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများ     သယ်ဆောင် ရာတွင်      ပူးပေါင်းပါဝင်သူ မောင်မောင်လေး  (ခ)   သိန်းဝင်း ကို    ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့   အမှတ်(၂)   ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊       ညနေ ၅    နာရီတွင်    ပုသိမ်မြို့နယ်  ငွေဆောင်မြို့  သဇင်ကျေးရွာတွင်  စိတ်ကြွရူးသွပ်      ဆေးပြားများ တင်ပို့ပေးခဲ့သူများ     ဖြစ်ကြသည့် ဝင်းသိန်းထွန်း (ခ)  နေသူ   နှင့် လင်းထွန်းဟန် (ခ)  သားပုတို့   နှစ်ဦးကို      စက်လှေတစ်စင်းနှင့် အတူ ဖမ်းဆီးရမိခဲ့သဖြင့်   ၎င်းတို့ ကို   ဥပဒေအရ  အရေးယူထားရှိ ပြီး  ကွင်းဆက်ပြစ်မှု  ကျူးလွန်သူ များကို      ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ     သတင်းရရှိ သည်။                    သတင်းစဉ်