
ရန်ကုန် မတ် ၉
ယခုလအတွင်း ဆီးရီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၁ ရက် တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး နည်းပြချုပ် ဖိုက်အွန် ဘိုင်နာသည် ပြည်တွင်း၊ ပြည်ပကလပ်များတွင် ကစားနေသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် ၂၁ ရက်တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၆ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် နှစ်ပွဲ ကစားအပြီး နှစ်ပွဲစလုံး အရေးနိမ့်ထားပြီး ဆီးရီးယားအသင်းမှာမူ နှစ်ပွဲကစား သုံးမှတ် ရရှိထားသည်။
ယခုရွေးချယ်လိုက်သည့် ပဏာမကစား သမား ၃၅ ဦးတွင် ပြည်တွင်းကလပ်များ၌ ကစားနေသူ ၂၃ ဦး၊ ပြည်ပကလပ်များတွင် ကစားနေသူ ၁၂ ဦး ပါဝင်လာသည်။ မြန်မာ့ လက်ရွေးစင်အသင်းတွင် ပဏာမကစားသမား များအဖြစ် ဂိုးသမား-ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင်၊ ပြည့်ဖြိုး အောင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ နောက်တန်း-နန္ဒကျော်၊ သက် ဟိန်းစိုး၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်း ဇေယျာလင်း၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက် တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ ငြိမ်းချမ်း၊ ကောင်းထက်ပိုင် (Dagon Port)၊ လတ်ဝေဘုန်း(ဟံသာဝတီ)၊ စိုးမိုးကျော် (ဖနွမ်း ပင်ခရောင်း၊ ကမ္ဘောဒီးယား)၊ ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ၊ ထိုင်း)၊ အလယ်တန်း-ဝေလင်း အောင်၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင် (ဟံသာဝတီ)၊ ထက်ဖြိုးဝေ၊ ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက် တက်)၊ ကျော်မင်းဦး (PDRM၊ မလေးရှား)၊ ဟိန်းထက်အောင် (နီဂျီဂျီဆမ်ဘီလန်၊ မလေး ရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ၊ ထိုင်း)၊ လွင်မိုးအောင် (Rayong၊ ထိုင်း)၊ မြတ်ကောင်း ခန့် (ပါဆီကာဘို၊ အင်ဒိုနီးရှား)၊ သီဟဇော် (ပရေဗန်၊ ကမ္ဘောဒီးယား)၊ ရှေ့တန်း - ကျော် ကိုကို (ရခိုင်ယူနိုက်တက်)၊ အောင်သူ (အူထိုင်း ထာနီ၊ ထိုင်း)၊ သန်းပိုင် (ချင်းမိုင်ယူနိုက်တက်၊ ထိုင်း)၊ အောင်ကောင်းမာန် (နာခွန်ရတ်ချာစီမာ၊ ထိုင်း)၊ ဝင်းနိုင်ထွန်း (ဘော်နီယို၊ အင်ဒိုနီးရှား) နှင့် အောင်ကျော်နိုင်တို့ ပါဝင်သည်။
ရဲရင့်လွင်