
ရန်ကုန် မတ် ၁၂
မြန်မာ့လက်ရွေးစင်အသင်းသည် ယခု လအတွင်း ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ အတွက် မတ် ၁၁ ရက်မှစ၍ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် ၂၁ ရက် တွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ မတ် ၂၆ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည်
ဆီးရီးယားအသင်းနှင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး ပြည်ပကလပ်များတွင် ကစားနေသူအများစုမှာ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမကစားသမားများ အဖြစ် ဂိုးသမား-ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင်၊ ပြည့်ဖြိုးအောင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီ အောင်(ဒဂုံစတား)၊ နောက်တန်း-နန္ဒကျော်၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ ငြိမ်းချမ်း၊ ကောင်းထက်ပိုင် (Dagon Port)၊ လတ်ဝေဘုန်း (ဟံသာဝတီ)၊ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)၊ ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ၊ ထိုင်း)၊ အလယ်တန်း-ဝေလင်း အောင်၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင် (ဟံသာဝတီ)၊ ထက်ဖြိုးဝေ၊ ခွန်ကျော်ဇင်ဟိန်း (ရှမ်း ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM၊ မလေးရှား)၊ ဟိန်းထက် အောင် (နီဂျီဂျီဆမ်ဘီလန်၊ မလေးရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ၊ ထိုင်း)၊ လွင်မိုးအောင် (Rayong၊ ထိုင်း)၊ မြတ်ကောင်းခန့် (ပါဆီကာဘို၊ အင်ဒိုနီးရှား)၊ သီဟဇော် (ပရေဗန်၊ ကမ္ဘောဒီးယား)၊ ရှေ့တန်း- ကျော်ကိုကို (ရခိုင်ယူနိုက် တက်)၊ အောင်သူ (အူထိုင်းထာနီ၊ ထိုင်း)၊ သန်းပိုင် (ချင်းမိုင် ယူနိုက်တက်၊ ထိုင်း)၊ အောင်ကောင်းမာန် (နာခွန်ရတ်ချာစီမာ၊ ထိုင်း)၊ ဝင်းနိုင်ထွန်း (ဘော်နီယို၊အင်ဒိုနီးရှား) နှင့် အောင်ကျော်နိုင် တို့ ပါဝင်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF