ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဆိုင်ကယ်ဖြင့်  တိုက်ပြေးသူ  အမျိုးသားတစ်ဦးအား  ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး  ၎င်းထံမှ  လက်လုပ်ဗုံးနှစ်လုံး သိမ်းဆည်းရရှိ

 

 

နေပြည်တော်   ဇွန်    ၂၈
ရန်ကုန်တိုင်းဒေသကြီး        ထန်းတပင်မြို့နယ်၌ ယာဉ်စစ်ဆောင်ရွက်နေသော   လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်ပြေးသူ အမျိုးသား တစ်ဦးအား    ခြောက်လှန့်ပစ်ခတ်   ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ လက်လုပ်ဗုံး နှစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ညပိုင်းတွင် ထန်းတပင် မြို့နယ် သပြေခြံကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးဆောင်ရွက် နေစဉ် ည ၉ နာရီ ၄၅ မိနစ်တွင် အသက် (၃၀) နှစ်ခန့်  အမျိုးသား တစ်ဦး မောင်းနှင်လာသည့် ၅၂ယ/ ၂၇၃၇  နံပါတ်တပ်ဆင်ထားသော DAYANG အမျိုးအစား အနက်ရောင်ဆိုင်ကယ်ကို     စစ်ဆေးရန်   ရပ်တန့် ခိုင်းစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကို  ဆိုင်ကယ်ဖြင့်  ဝင်တိုက်၍  ထွက်ပြေး သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အဆိုပါဆိုင်ကယ်မှာ  လဲကျသွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ရာ     အဆိုပါအမျိုးသားတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့်  တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် အကြမ်းဖက်သူ အမျိုးသားမှာ သေဆုံး သွားခဲ့သည်။ 
ဆက်လက်၍        လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးခဲ့ရာ        ဆိုင်ကယ်တူးဘောက်အတွင်းမှ အရှည် ရှစ်လက်မ၊ အကျယ် နှစ်လက်မခန့်ရှိ PVC ပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားပြီး ဆေးအမည်း သုတ်ထားသော လက်လုပ်ဗုံး  နှစ်လုံးကို  သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်တွင်    ဖမ်းဆီးရမိသူ     သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်၍  စုံစမ်းစစ်ဆေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်