နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်

 

ယနေ့မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ် သည် ပြည်သူများ၏ လိုလားတောင့်တချက်နှင့်အညီ တပ်မတော် က အဆင့်ဆင့်ပုံဖော်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံကို ဒီမိုကရေစီအကူး အပြောင်းကာလများအတွင်း နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိ သည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာကာ ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်၍ ပြည်သူများအားလုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။


ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ဖော်ဆောင်ရာတွင် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာနှင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ရာ ပြည်သူက ရွေးကောက် တင်မြှောက်သည့်အစိုးရ စတင်ပေါ်ပေါက်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးတို့ အပါအဝင် ကဏ္ဍပေါင်းစုံပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့ သလို စိန်ခေါ်မှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအနေဖြင့်   ရပ်တည်နေသည့်   NLD  ပါတီကို ရွေးကောက်ပွဲဝင်ရောက်နိုင်စေရေးအတွက် ရွေးကောက်ပွဲဥပဒေ ကို ပြင်ဆင်ပေးခဲ့သည်။


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တက်လာခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများမျှော်လင့်ထား သလောက် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့။ မဲဆွယ်စည်းရုံးစဉ်က  ပြောကြားချက်များ၊ ကတိကဝတ်များကို အကောင်အထည်ဖော် မှုမရှိသည့်အပြင် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပတ်သက်သည့်ဥပဒေများကို  ပြင်ဆင်၊   ပယ်ဖျက်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံ၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်နှင့် အမျိုးသား စရိုက် လက္ခဏာတို့ကို ထိပါးစေမည့် လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ခဲ့သည်။   အထက်ဖော်ပြပါ  အစိုးရနှစ်ရပ်၊  ဒီမိုကရေစီ သက်တမ်း (၁၀) နှစ်အတွင်း တပ်မတော်သည်  ရွေးကောက်ပွဲ ရလဒ်ဖြင့် ဖြစ်ပေါ်လာသည့် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ပြီး ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သလို လိုအပ်သည် များကိုလည်း အကြံပြုခဲ့သည်။ မည်သည့်အစိုးရက အုပ်ချုပ်သည် ဖြစ်စေ နိုင်ငံ၏အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေးနှင့် ပြည်သူ လူထု၏  အသက်အိုးအိမ်စည်းစိမ်တို့ကို  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့သည်သာ ဖြစ်သည်။ 
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေ အနေ ကြေညာခဲ့ရပြီး တပ်မတော်က နိုင်ငံ့တာဝန်များကို ထမ်း ဆောင်ခဲ့ရသည်။  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသမာမှု ပြုနိုင်သည့် အငြင်းပွားဖွယ် မဲစာရင်းပမာဏကြီးမားစွာ ကွာဟမှု အပေါ်    ဥပဒေနှင့်အညီ    ဖြေရှင်းမှုမပြုဘဲ   လျစ်လျူရှုကာ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်သည့် အခြေအနေပေါ်ပေါက်လာခြင်းကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို    ဥပဒေနှင့်အညီ  ထမ်းဆောင်လိုက်ရခြင်းဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းပျက်ယွင်းမှုကို ပြန်လည် တည့်မတ်ခိုင်မြဲစေရန်    ကြိုးပမ်းမှု   စတင်လိုက်ရခြင်းလည်း ဖြစ်သည်။


တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအပေါ် သမိုင်းတစ်လျှောက် မည်သည့်အခါကမှ သစ္စာဖောက်ခြင်းမရှိခဲ့ဘဲ အသက်နှင့်ခန္ဓာကိုပါ နှင်းအပ်၍ တာဝန်ကျေပွန်ခဲ့သည်နှင့်အညီ  ပစ္စုပ္ပန်ကာလတွင် နိုင်ငံတော်နှင့်တိုင်းရင်းသား၊ နိုင်ငံသား ပြည်သူလူထုကြီး တစ်ရပ် လုံးအတွက်     တည်ငြိမ်အေးချမ်းပြီး   ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး တည်ဆောက်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ သည်။  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏   ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မှုမရှိစေရန် ထိန်းသိမ်းခြင်း၊ နိုင်ငံနှင့်ပြည်သူများ   အကျိုးစီးပွားဖြစ်ထွန်းပြီး  အချုပ်အခြာ အာဏာပိုင်နိုင်ငံနှင့်လူမျိုးအဖြစ် အဓွန့်ရှည်စွာ ရပ်တည်နိုင်ရေး တို့အတွက် ကိုယ်ကျိုးမဖက် ထမ်းရွက်နေခြင်းဖြစ်ရာ ပြည်သူ အားဖြင့် ပူးပေါင်းပါဝင်ကြရေး နှိုးဆော်တိုက်တွန်းမှုဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုလိုက်ရပါကြောင်း။     ။