မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၂၀၂၄ အာရှဖလားပြိုင်ပွဲမတိုင်မီ အာဖဂန်နစ္စတန်၊ ကူဝိတ်၊ ကာဂျစ္စတန်အသင်းတို့နှင့် ခြေစမ်းကစားမည်

 

ရန်ကုန်   မတ်   ၂၆


ဧပြီတွင်   ယှဉ်ပြိုင်ရမည့်  ၂၀၂၄ အာရှဖလား       ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်  ယှဉ်ပြိုင်ခွင့်ရ ထားသည့်     မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်   အာဖဂန် နစ္စတန်၊    ကူဝိတ်၊   ကာဂျစ္စတန် အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အာရှဖလား ဖူဆယ် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်း ပွဲ လေးပွဲကို ရန်ကုန်မြို့တွင် နှစ်ပွဲ၊ထိုင်းနိုင်ငံ၌ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည်  မတ် ၃၀၊ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ     အမျိုးသားအားကစား ပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌  အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်သည်။    ယင်းခြေစမ်းပွဲ နှစ်ပွဲကို နှစ်ရက်ဆက်တိုက်ကစားမည် ဖြစ်ပြီး ညနေ ၃ နာရီတွင် စတင်ကျင်းပ မည်ဖြစ်သည်။   မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလား ဖူဆယ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ထိုင်းနိုင်ငံသို့ ဧပြီ ၅ ရက်ကတည်းက ကြိုတင်ထွက်ခွာမည်ဖြစ်ပြီး အာရှဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့် ရထားသည့် ကူဝိတ်လက်ရွေးစင်အသင်း၊ ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲနှစ်ပွဲ       ထပ်မံကစားမည် ဖြစ်သည်။


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည်    အာရှဖလား     ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် မတ် ၁၈ ရက် တွင် ပဏာမကစားသမား ၂၀ ဖြင့် စတင် လေ့ကျင့်ခဲ့ပြီး  နည်းပြချုပ်အဖြစ် ထိုင်း နိုင်ငံသား     ဘန်လက်ချာယိုဝန်က ကိုင်တွယ်နေကာ  ပဏာမကစားသမား များအဖြစ် ဂိုးသမား- ညီညီသန့်၊ မိုင်းစိုး မြတ်သွေး (MIU)၊ ကျော်ရဲသွေး (Gen-erations)၊    ရဲထက်နိုင်(လင်းလက်)၊ ကစားသမား-    မျိုးမြင့်စိုး၊   ဝေဇင်ဦး၊ ငြိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ ထွန်းမင်းလှိုင်၊ နိုင်လင်းထွန်းကျော်၊     အောင်ဇင်ဦး၊ မျိုးသက်ကျော် (VUC)၊ မင်းချစ်သူ၊ ထွန်း ထွန်းဝင်း (M2K)၊ ကိုကိုလွင်၊ မျိုးသက် အောင်၊ လှိုင်မင်းထွန်း (MIU)၊ လဖိုင်ဇော် လွန်း (Winner Soccer) ၊ သော်ထက် အောင်၊ ထက်ဝေ (လင်းလက်) တို့ ပါဝင် ကြသည်။        

 

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF