
နေပြည်တော် ဇွန် ၂၈
တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ မြို့နယ် အချို့မှ အကြမ်းဖက်သူလူအုပ်စုများက ၎င်းတို့၏ လုပ်ဆောင်မှုများအတိုင်း လိုက်လံလုပ်ဆောင်ခြင်းမရှိဘဲ အေးချမ်း စွာနေထိုင်သော ပြည်သူများကို “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ၎င်းတို့ အား ရန်ပြုခြင်း၊ နေအိမ်များကို ဖျက်ဆီး ခြင်းများ အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
အိမ်အတွင်း ဝင်ရောက်ဖျက်ဆီး
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အိုးပြစ်ကျေးရွာနေ ဦးချင်းရွှေ(၅၅)နှစ် (ဘ) ဦးလှမောင်၏ နေအိမ်ကို အကြမ်းဖက်သူ ၁၀ ဦးက “သတင်းပေး”ဟု ပြောဆို၍ လက်လုပ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ကာ အိမ်အတွင်း ဝင်ရောက်ဖျက်ဆီးသွားကြောင်းနှင့် အိုးပြစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဉူးဇောတိက အား “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ကျောင်းခြံစည်းရိုးများကို ကန်ကျောက် ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဦးချင်းရွှေ၏ နေအိမ် ပြတင်းတံခါးမှန် ခြောက်ချပ် ကွဲကြေပျက်စီးကာ နေအိမ်အတွင်းမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး နှစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီး ဦးချင်းရွှေပါ မိသားစုဝင် ငါးဦးနှင့် ဆရာတော် ဉူးဇောတိကတို့ အား အဆိုပါကျေးရွာတွင် နေထိုင်ရန် လုံခြုံရေးစိတ်မချရသဖြင့် နယ်မြေခံ တပ်ရင်း၌ ခေါ်ဆောင်စောင့်ရှောက်ထား ရှိကြောင်း သိရှိရသည်။
“သတင်းပေး” အိမ်ဟုစွပ်စွဲ
ထို့အတူ ယနေ့နံနက် ၉ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဋ)ရပ်ကွက် မန်လွယ် ဘုန်းကြီးကျောင်းအနီးရှိ ဦးတင်ထွန်း ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိသည့် နေအိမ်ကို အကြမ်းဖက်သူအင်အား ၅၀ ခန့်က “သတင်းပေး”အိမ်ဟု စွပ်စွဲ၍ အုတ်တံတိုင်းခြံစည်းရိုးနှင့် သွပ်မိုး၊ ထရံကာနေအိမ်တို့အား ဝင်ရောက် ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ အကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို အုတ်ခဲကျိုးများဖြင့် ပစ်ခတ်ရန်ပြုခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ အကြမ်းဖက်သူများ လူစုခွဲထွက်ပြေးသွားခဲ့ပြီး အကြမ်း ဖက်သူများအတွင်းမှ အမျိုးသားတစ်ဦး တွင် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားသော ချမ်းမြ သာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၅ လမ်းနှင့် ၁၀၈ လမ်းထောင့်နေ ဦးထွန်းအောင် (၅၅)နှစ်နှင့် ဒေါ်ငွမ်း အသန် (၄၉)နှစ်တို့နှစ်ဦးအား ဓားရှည် ၁၃ လက်၊ ဂေါက်ရိုက်တံ တစ်ချောင်း၊ သံညှပ်အကြီး တစ်ချောင်း၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ် ၁၄ စီးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိခဲ့ကြောင်း သိရသည်။
အထက်ပါအကြမ်းဖက်မှုဖြစ်စဉ်များ တွင် ဖမ်းဆီးရမိသူများနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်