ဖာနန်ဒက်စ်၏ ခြေစွမ်းပြမှုနှင့် မန်ယူအသင်း ရှက်ဖီးလ်ကို ဂိုးပြတ်အနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ်   (၂၉)  အဖြစ် ဧပြီ ၂၅ ရက်   နံနက်  ၁ နာရီခွဲက   မန်ယူနှင့်    ရှက်ဖီးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက          တိုက်စစ်ခြေစွမ်းပြပြီး လေးဂိုး - နှစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။ 


အဆိုပါပွဲစဉ်ကို      မန်ယူအသင်း အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစား ခဲ့ပြီး ပရိသတ်   ၇၃၀၀၀ ကျော် လာရောက် ကြည့်ရှုခဲ့သည်။      အမှတ်ပေးဇယား အောက်ဆုံးတွင်      ရပ်တည်နေသည့် ရှက်ဖီးလ်အသင်းသည်   တန်းမဆင်းရရေး အတွက်    မဖြစ်မနေ  နိုင်ပွဲရရှိရေးအတွက် ခြေကုန်ထုတ်လာသော်လည်း   အသင်း ကစားသမားများ အဆုံးသတ်ပိုင်း အားနည်း သည့်အတွက်  ရှုံးပွဲကြုံတွေ့ခဲ့သည်။ 


မန်ယူအသင်း        ကွင်းလယ်ကစား သမား ဖာနန်ဒက်စ်သည် အထူးခြေစွမ်းပြသ နိုင်ခဲ့ပြီးသွင်းဂိုးနှစ်ဂိုးနှင့်       ဂိုးဖန်တီးမှု တစ်ကြိမ်       ပြုလုပ်နိုင်ခဲ့သည်။        ထို့ကြောင့်     ဖာနန်ဒက်စ်သည် မန်ယူအသင်း၏ ပြီးခဲ့သည့် ငါးပွဲ တွင် သွင်းဂိုး ခုနစ်ဂိုးနှင့်   ဂိုးဖန်တီး မှု  နှစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီ ဖြစ်သည်။   

 
မန်ယူအသင်းသည်  ယခုပွဲစဉ် အနိုင်ရရှိခဲ့သောကြောင့် လိဂ် ၃၃ ပွဲကစားပြီး    ရမှတ်   ၅၃    မှတ် စုဆောင်း      ထားနိုင်သော်လည်း ဥရောပဝင်ခွင့်ရရှိရေး မျှော်လင့် ချက် ဆက်လက်မှေးမှိန်နေဆဲဖြစ် သည်။    ပြိုင်ဘက်    ရှက်ဖီးလ် အသင်းက ၃၄ ပွဲကစားပြီး ရမှတ် ၁၆ မှတ်သာ စုဆောင်းထားနိုင် သောကြောင့်   တန်းဆင်းရမည့် အခြေအနေနှင့် အလွန်နီးစပ်လာပြီ ဖြစ်သည်။ 


ပရီမီယာလိဂ်ပွဲစဉ်   (၂၉)   မှ ဧပြီ ၂၅   ရက်   နံနက်ပိုင်းတွင် အဲဗာတန်နှင့် လီဗာပူး၊ ခရစ္စတယ် ပဲလေ့စ်နှင့် နယူးကာဆယ်၊ ဝုဖ်နှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး ဘုန်းမောက်က ဝုဖ်ကို တစ်ဂိုး - ဂိုးမရှိ၊    ခရစ္စတယ် ပဲလေ့စ်က       နယူးကာဆယ်ကို နှစ်ဂိုး - ဂိုးမရှိ၊    အဲဗာတန်က လီဗာပူးကို နှစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိ ခဲ့သည်။                  

အောင်ဇော်