MNL Cup အုပ်စု (ခ) တွင် ရှမ်းနှင့် ရခိုင် နိုင်ပွဲဆက် ဆီမီးဖိုင်နယ်တက်ရေး နောက်ဆုံးပွဲအထိ အဆုံးအဖြတ် ခံယူရမည်

 

ရန်ကုန်    မေ   ၁၄


၂၀၂၄ MNL Cup  ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်  (၉)  ကို    မေ  ၁၄  ရက်က  ဆက်လက်ကျင်းပရာ   ရှမ်းယူနိုက် တက်နှင့်  ရခိုင်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ခဲ့သည်။
သုဝဏ္ဏကွင်း၌   ကျင်းပသည့် ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းက ကချင်    ယူနိုက်တက်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နောက်တစ်ဆင့်တက်ရေးအတွက် အဆုံးအဖြတ်        ကာလဖြစ်သော ကြောင့်   ရှမ်းယူနိုက်တက်အသင်း သည်  အမှားမခံဘဲ  အမှတ်ပြည့်ရယူ နိုင်ခဲ့သည်။   ကချင်ယူနိုက်တက် အသင်းမှာမူ     ရှမ်းယူနိုက်တက်ကို   
အရှုံးပေးခဲ့ရသဖြင့်  ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက်  အဆုံး သတ်ခဲ့ရသည်။
ရှမ်းယူနိုက်တက်    အသင်း သည်      ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နန္ဒကျော်၊   ကျော်ဇင်ဖြိုး  (ဂိုး)၊ မျိုးကိုထွန်း၊ ရဲရင့်အောင်၊ မတ်ခ် ဆာကီတို့ဖြင့် လူစုံခဲ့ကာ  ကချင် ယူနိုက်တက်အသင်းက  လည်း လန်းဆန်းအောင်၊ ဇော်မွန်အောင်၊ အက်စ်ဂွမ်လမ်တို့ဖြင့်   အမာခံ ကစားသမား အစုံအလင် ပါဝင်ခဲ့ သည်။ ပွဲအစ ၁၂ မိနစ်တွင် ရှမ်း ယူနိုက်တက်အသင်း  ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး   ရဲရင့်အောင်က သွင်းယူခဲ့သဖြင့် အဖွင့်ဂိုးရခဲ့သလို ၃၉ မိနစ်တွင် ကောင်းမြတ်သူက ဒုတိယဂိုးသွင်းယူခဲ့ကာ     ပထမ ပိုင်းအပြီးတွင်   နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။  ဒုတိယပိုင်း တွင် ကချင်ယူနိုက်တက်အသင်း က        ချေပဂိုးသွင်းယူနိုင်ရန် ကြိုးပမ်းခဲ့ရာ   ၇၆  မိနစ်တွင် ဇော်မွန်အောင်က တစ်ဂိုးပြန်သွင်း ခဲ့သည်။    ယင်းနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်     အသင်းက ဂိုးထပ်မပေးရရန်     ထိန်းကစား ခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့် ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း က Rainbow အသင်းကို ငါးဂိုး ပြတ်အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက် တက်အသင်းသည် အနိုင်သုံးမှတ် အပြင်   ဂိုးပြတ်ပါသွင်းယူခဲ့ပြီး အနိုင်ဂိုးများကို ၄၅+၃ မိနစ်တွင် ကျော်ကိုကို၊   ၄၈   မိနစ်တွင် အောင်သန့်ဇော်၊  ၄၉  မိနစ်တွင် ဇော်ဝင်းမောင်၊  ၈၅  မိနစ်တွင် သန်းကျော်ဌေးနှင့် ၉၀+၃ မိနစ် တွင်   အောင်ကျော်အေးတို့က သွင်းယူခဲ့သည်။ အုပ်စု (ခ) တွင် ခုနစ်ပွဲကစား ၁၈  မှတ်စီရထား သည့် ရှမ်းယူနိုက်တက်နှင့် ရခိုင် ယူနိုက်တက်အသင်းသာ   ဆီမီး ဖိုင်နယ်တက်ရန် မျှော်လင့်ချက်ရှိ တော့ပြီး      နှစ်သင်းထိပ်တိုက် တွေ့ဆုံမည့်    နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်   ဖြစ် သည်။ 
ကချင်ယူနိုက်တက်    အသင်း က ခုနစ်ပွဲကစား ၁၂ မှတ်၊ Glory Goal   အသင်းက    ခုနစ်ပွဲကစား ခြောက်မှတ်ရထားပြီး Rainbow အသင်းက   ရှစ်ပွဲကစား  ပွဲတိုင်း ရှုံးနိမ့်ကာ အမှတ်မရခဲ့ပေ။
မေ ၁၅ ရက် (ယနေ့)  တွင် YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်း၊   တက္ကသိုလ် ကွင်း၌    ဒဂုံစတားအသင်းနှင့် ငွေကြယ်ပွင့်အသင်း၊ သုဝဏ္ဏကွင်း ၌    မြဝတီအသင်းနှင့်  ရက္ခပူရ ယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း ၌ ရတနာပုံအသင်းနှင့် အား/ကာ သိပ္ပံအသင်း   ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 
ကိုညီလေး
ဓာတ်ပုံ-MNL