ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူအချို့ကို အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့မှု ဖြစ်စဉ်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်   ၂၉


ရန်ကုန်တိုင်းဒေသကြီး     လှိုင် သာယာ (အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်း လင်းဇော်ကို     ၂၀၂၁   ခုနှစ်  ဇွန် ၁   ရက်တွင်   လည်းကောင်း၊ လှိုင်သာယာ   (အနောက်ပိုင်း) မြို့နယ်      အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကို ၂၀၂၁ ခုနှစ် မေ  ၉ ရက်တွင် လည်းကောင်း၊     လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်   အမှတ် (၁၃)  ရပ်ကွက်  အုပ်ချုပ်ရေးမှူး ဦးလှဦးကို ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင်လည်းကောင်း  အကြမ်း ဖက်သူများက    ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြကြောင်း နှင့်    လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများကို        ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး    ဆက်လက် ဆောင်ရွက်လျက်       ရှိကြောင်း သက်ဆိုင်ရာ   နေ့ရက်အသီးသီး တွင်     သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


အဆိုပါ    အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ     တာဝန်ရှိသူများကို ရက်စက်စွာ   လုပ်ကြံသတ်ဖြတ် ခဲ့သူ တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး    လုံခြုံရေး တပ်ဖွဲ့ဝင်များက    သက်ဆိုင်ရာ နယ်မြေအသီးသီးတွင်   သတင်း စုံစမ်း ချိတ်ဆက်ဖော်ထုတ်ခြင်း၊ နယ်မြေများအတွင်း     ပိတ်ဆို့ စစ်ဆေးရှာဖွေ   ဖော်ထုတ်ခြင်း များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုတို့ဖြင့် အကြမ်း ဖက်သမားများကို    ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး    တာဝန်ရှိသူ အဆင့်ဆင့်က   ကြပ်မတ်ဆောင် ရွက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော် ကို      လုပ်ကြံသတ်ဖြတ်ခဲ့သူ ကျော်သီဟ (ခ)  သားသား (၃၈)နှစ် (ဘ) ဦးမြင့်လှိုင်နှင့် ချစ်ကိုကို (ခ)  အောင်ပုထူး  (၂၉) နှစ် (ဘ)ဦးအောင်သိန်းဝင်း၊  အမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦး ကို      လုပ်ကြံသတ်ဖြတ်ခဲ့သူ သန်းဝင်း (ခ) ကိုမူ (၃၉)နှစ် (ဘ)ဦးတင်၊   အမှတ်  (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကို လုပ်ကြံသတ်ဖြတ်ခဲ့သူ စိုးသူ(ခ)နိုင်လင်း  (ခ)  အောင်ဇေယျ(ခ)အာကြီး(၃၁)နှစ် (ဘ)ဦးတင်ဦး တို့ကို  ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း အသီးသီး   ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည်။ 


ဖော်ထုတ်ဖမ်းဆီးရမိသူများ အပေါ်    စစ်ဆေးချက်များအရ လှိုင်သာယာ  (အနောက်ပိုင်း) မြို့နယ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်ကို ဇွန် ၁ ရက်တွင် ကျော်သီဟ (ခ)သားသားက  ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်  သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စတိုသေနတ်နှင့် ကျည် ခုနစ်တောင့်ကို   ပူးပေါင်းပါဝင် ပတ်သက်သူ    ပြောင်ကြီး  (ခ)ကျောင်းသား   (စိစစ်ဆဲ) နှင့် ချစ်ကိုကို (ခ) အောင်ပုထူး (၂၉)နှစ် (ဘ) ဦးအောင်သိန်းဝင်းတို့ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊   လုပ်ကြံ သတ်ဖြတ်ရန်အတွက်   ငွေကျပ် သိန်း ၂၀ ကို  ၎င်းထံ  ပေးအပ် ခဲ့ကြောင်း၊    လုပ်ကြံသတ်ဖြတ် သည့်နေ့တွင်   ပြောင်ကြီး (ခ)ကျောင်းသားမှ   လာရောက် ခေါ်ဆောင်ခဲ့ပြီး     ပစ်ခတ်ရမည့် နေရာကို    ရွေးချယ်ပြသခဲ့ကာ ဦးစိုင်းလင်းဇော်      ကားဖြင့် ထွက်လာစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း    ထွက်ဆိုခဲ့ သည်။


အလားတူ         လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ် (၁၃)ရပ်ကွက်   အုပ်ချုပ်ရေးမှူး ဦးလှဦးကို  ဇွန်  ၁၆  ရက်တွင် သန်းဝင်း   (ခ)  ကိုမူက   ပစ္စတို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ပစ္စတိုသေနတ် နှင့်   ကျည်   ၁၅  တောင့်အား ပူးပေါင်းပါဝင်       ပတ်သက်သူ ရန်ပိုင်စိုး (ခ) သရက်သီး(စိစစ်ဆဲ)ထံမှ    ရရှိခဲ့ကြောင်း၊   လုပ်ကြံ သတ်ဖြတ်နိုင်ရန်အတွက် ရန်ပိုင် စိုး (ခ)  သရက်သီးမှ   အချက် အလက်များ   ကြိုတင်စုံစမ်းပေး ထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ပုံမှန်သွားလာသည့်     အချိန်များ အား အနီးကပ်လေ့လာ ကြည့်ရှု ခဲ့ကြောင်း၊   သတ်ဖြတ်သည့်နေ့ တွင် ငယ်ငယ်(စိစစ်ဆဲ)နှင့်အတူ ဆိုင်ကယ်ဖြင့်   နောက်ယောင်ခံ လိုက်၍     အနီးကပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း   ဖြစ် ကြောင်း ထွက်ဆိုခဲ့သည်။


ထို့အတူ       လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်   အမှတ် (၆) ရပ်ကွက်        အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား  မေ ၉ ရက်တွင် စိုးသူ(ခ)နိုင်လင်း (ခ) အောင်ဇေ ယျ (ခ)  အာကြီးနှင့်   ဖြိုးလေး (စိစစ်ဆဲ)၊ မျိုးလေး(စိစစ်ဆဲ)နှင့် ငယ်ငယ် (စိစစ်ဆဲ) တို့က အသင့် ယူဆောင်လာကြသော ဓားဦးချွန် နှင့်   စကေဘာတို့ဖြင့်    ရိုက်နှက် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်း  ဖြစ် ကြောင်း၊ လုပ်ကြံသတ်ဖြတ်မည့် နေ့မတိုင်မီ   မေ    ၈  ရက်တွင် ဖမ်းဆီးရမိသူ စိုးသူ(ခ)အာကြီး နှင့်   ပူးပေါင်းပါဝင်ပတ်သက်သူ  လေးဦးသည်  အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားမှုများကို   စောင့်ကြည့် ခဲ့ပြီး   လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။


အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများကို   လုပ်ကြံသတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်များတွင် ဖမ်းဆီး ရမိထားသည့်   တရားခံများဖြစ် သည့် ကျော်သီဟ (ခ) သားသား၊  ချစ်ကိုကို   (ခ)    အောင်ပုထူး၊ သန်းဝင်း  (ခ)  ကိုမူနှင့် စိုးသူ(ခ)နိုင်လင်း (ခ)   အောင်ဇေယျ(ခ)အာကြီးတို့ကို    ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေး       လွတ်မြောက်လျက် ရှိသည့် ပူးပေါင်းပါဝင်ပတ်သက် ခဲ့သူများဖြစ်သည့် ပြောင်ကြီး(ခ)ကျောင်းသား၊    သရက်သီး (ခ)ရန်ပိုင်စိုး၊ ငယ်ငယ်နှင့် ဖြိုးလေးပါ သုံးဦးတို့ကို  ဖမ်းဆီးရမိနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက် လျက် ရှိကြောင်း   သက်ဆိုင်ရာမှ သတင်းရရှိသည်။      

သတင်းစဉ်