Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက် ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ်ကစားသမား လေ့ကျင့်သင်ကြားပေးနေ

 

ရန်ကုန်    မေ    ၂၂


ဇူလိုင် ၉  ရက်မှ ၁၂ ရက်အထိ စင်ကာပူ နိုင်ငံ  Seletar Country Club ၌ ကျင်းပ မည့် Southeast Asian   Amateur   Golf   Team  Championship   2024  ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက်ကစား သမားများကို     ထိုင်းပရော်ဖက်ရှင်နယ်     ဂေါ့ဖ်ကစားသမား Tanapat Pichaikool က သင်ကြားပြသပေးလျက်ရှိသည်။
မြန်မာနိုင်ငံ  ဂေါက်သီးအားကစား အဖွဲ့ချုပ်သည်   ယင်းပြိုင်ပွဲတွင်   မြန်မာ ကစားသမားများ   အောင်မြင်မှုရစေရန် အတွက် ထိုင်းပရော်ဖက်ရှင်နယ် ဂေါက် သီးရိုက်ကစားသမားကို   နည်းပြအဖြစ် လာရောက်သင်ကြားရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။     ယင်းထိုင်းပရော်ဖက်ရှင် နယ်    ဂေါက်သီးရိုက်ကစားသမားသည် မေလတတိယအပတ်တွင်  မြန်မာ နိုင်ငံသို့   ရောက်ရှိလာပြီး    ပြိုင်ပွဲ ကာလအထိ   လေ့ကျင့်သင်ကြား ပေးမည်ဖြစ်သည်။    မြန်မာကစား သမားများအနေဖြင့်     ပန်းလှိုင် ဂေါက်ကွင်း၌   လေ့ကျင့်သင်ကြား လျက်ရှိပြီး     ပန်းလှိုင်ဂေါက်ကွင်း မှလည်း     လေ့ကျင့်ရေးကွင်းနှင့် ဆက်စပ်ပစ္စည်းများကို        ပံ့ပိုး ကူညီပေးထားသည်။  မြန်မာနိုင်ငံ   ဂေါက်သီးအားကစား    အဖွဲ့ချုပ် သည် ယင်းပြိုင်ပွဲတွင်  ထည့်သွင်း ကျင်းပမည့်   ပြိုင်ပွဲလေးခုအနက် Putra Cup ပြိုင်ပွဲ၊ Lion City Cup ပြိုင်ပွဲနှင့် Santi Cup ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
 မြန်မာကစားသမားများကို သင်ကြားပေးနေသည့် ထိုင်းပရော် ဖက်ရှင်နယ်   ဂေါ့ဖ်ကစားသမား Tanapat Pichaikool သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ် All Thailand Golf Tour ၊ Singha Thailand Master 2023 ပြိုင်ပွဲများတွင် ပထမဆုများ ကို    ရရှိထားပြီး    Bromsgrove International   School     နှင့် Mississippi State University တို့တွင်   ပညာသင်ကြားခဲ့သူဖြစ် သည်။
မြန်မာအသင်းသည်   ၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်   လက်ခံကျင်းပခဲ့ သည့် Southeast Asian Amateur Golf    Team    Championship ပြိုင်ပွဲတွင်လည်း   သြစတြေးလျ နိုင်ငံသားကို နည်းပြခန့်အပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏  Loin City Cup ပြိုင်ပွဲတွင် အသင်းလိုက်ပထမဆု နှင့်     Kartini   Cup   ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင်  ဒုတိယဆု တို့ကို ရရှိခဲ့သည်။
ကိုညီလေး၊ ဓာတ်ပုံ-MGF