
နေပြည်တော် မေ ၂၄
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာန နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ယခု သင်တန်းကို တက်ရောက်ခဲ့ကြ သည့် သင်တန်းသားများအနေဖြင့် ရေကူးအားကစားနည်းကို အရှိန် အဟုန်မြှင့် ဆက်လက်လေ့ကျင့် သွားနိုင်ရန် ဝဏ္ဏသိဒ္ဓိရေကူး အသင်းကို ဖွင့်လှစ်ပေးထားပြီး ဖြစ်၍ မိမိတို့အားလပ်ချိန်တွင် လာရောက်ရေကူး လေ့ကျင့်ပြီး ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး အတွက် ဆက်လက်လေ့ကျင့်သွား ကြရန်လိုကြောင်း၊ ဝဏ္ဏသိဒ္ဓိရေကူး အသင်းအနေဖြင့် သက်တမ်း အလိုက် ရေကူးပြိုင်ပွဲများ ကျင်းပ ပေးသွားမည်ဖြစ်ပြီးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရေကူးအဖွဲ့ ချုပ်နှင့်ပူးပေါင်းပြီး ကလပ် အသင်းပေါင်းစုံ ရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပ ပေးသွားမည့်အပြင် လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ် မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစား ပွဲတော်တွင်လည်း ရေကူး အားကစားနည်းကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် လည်း သင်တန်းကရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက် လေ့လာလိုက်စား၍ ကျန်းမာ ကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင် သည့် ရေကူးအားကစားသမား များဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက အသက် ၁၆ နှစ် အထက် (အမျိုးသား /အမျိုးသမီး) နွေရာသီ ရေကူးသင်တန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အသက် ၁၂ နှစ် အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီ ရေကူးသင်တန်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့သူများကို တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြ ဆရာများအား ချီးမြှင့်ငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အသက် ၁၂ နှစ်အောက် (အမျိုး သား/ အမျိုးသမီး) နွေရာသီရေကူး သင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု များကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပထမဆုရရှိသည့် သင်တန်းသား သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် အခမဲ့ Member Card များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။ သတင်းစဉ်