မန်စီးတီးနဲ့တွေ့တိုင်း ရလဒ်ဆိုးရွားမှုကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ယူ ချေဖျက်နိုင်မလား

 

ဘောလုံးချစ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ အက်ဖ်အေဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဝင်ဘလေအားကစားကွင်း၌ မေ ၂၅ ရက် ည ၈ နာရီခွဲ မှာ    အကြိတ်အနယ်   ယှဉ်ပြိုင်ကစားသွားမှာ   ဖြစ်ပါတယ်။   ယခုနှစ်  ရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲကို မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်စီး တီးနဲ့ မန်ယူအသင်းတို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်အသင်းက  ဖလားဆွတ်ခူးပြီး အောင်ပွဲခံသွားမလဲ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရ မှာ ဖြစ်ပါတယ်။  

မန်ချက်စတာစီးတီး အခြေအနေ

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ရာသီပိတ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အနိုင် ယူပြီး ပရီမီယာလိဂ်အမှတ်ပေးဖလားကို စံချိန်တင်ဆွတ်ခူးရရှိထားတယ်။ ဒါ့ပြင်  မန်စီးတီးအသင်းက လက်ရှိမှာ ပြိုင်ပွဲအရပ်ရပ် ၃၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ပိုင် ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ 
မန်စီးတီးအသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမားအဖြစ် တိုက်စစ်ကစား သမား ဟာလန်းရှိနေပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ သွင်းဂိုးငါးဂိုး သွင်းယူထားပါ တယ်။ ပရီမီယာလိဂ်မှာလည်း သွင်းဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။ မန် စီးတီးအသင်းက ပြိုင်ဘက်အသင်းပေါ် ချဉ်းကပ်ပုံ  မှန်ကန်မှု၊ အသင်းသားတွေရဲ့ နိုင်လိုစိတ်ပြင်းထန်မှု၊ ပွဲရလဒ်အဖြေကို အသင်းကစားသမားတိုင်း ပြောင်းလဲနိုင်စွမ်း ရှိမှု စတာတွေကြောင့် ရလဒ်ကောင်းတွေ ဖန်တီးထားနိုင်တာ ဖြစ်ပါတယ်။ 

မန်ယူ အခြေအနေ

နည်းပြ တန်ဟတ်ရဲ့ မန်ယူအသင်းက ရာသီပိတ်သိမ်းချိန်မှာ အဆင့် (၈) နဲ့ ပိတ်သိမ်း နိုင်ခဲ့လို့ ဥရောပဝင်ခွင့်မျှော်လင့်ချက် ဆုံးရှုံးထားပါတယ်။ ဒါကြောင့် မန်ယူက ယခု အက်ဖ်အေဖလားဗိုလ်လုပွဲမှာ   မန်စီးတီးကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်ပါမှ ဥရောပဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။  
မန်ယူအသင်းမှာ စောင့်ကြည့်ရမယ့်ကစားသမားအဖြစ် ကွင်းလယ်ကစား သမား   ဖာနန်ဒက်စ်ရှိနေပြီး  အက်ဖ်အေဖလားပြိုင်ပွဲမှာ   သုံးဂိုး  သွင်းယူထား နိုင်တယ်။ မန်ယူအသင်းက တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်းမှာလည်း လိုအပ်ချက် များစွာရှိနေ တယ်။ ဒါ့ပြင် မန်ယူအသင်းမှာ ပွဲရလဒ်အဖြေကို အချိန်မရွေး ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားထက် ဖြုန်းတီးပစ်တဲ့ကစားသမားက ပိုများပါတယ်။ 

မန်စီးတီးနဲ့ မန်ယူ အခြေအနေ

မန်စီးတီးက မန်ယူအသင်းနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံးခုနစ်ကြိမ်မှာ ခြောက်ကြိမ် အထိ နိုင်ပွဲရရှိထားတယ်။ ဒီရာသီမှာလည်း မန်စီးတီးအသင်းရဲ့ တိုက်စစ်၊ ခံစစ်က မန်ယူအသင်းထက် သာလွန်မှုရှိတယ်။ မန်ယူအသင်းအနေနဲ့ ပုံမှန်ပွဲထွက်နေကျအခင်းအကျင်းထက် သာလွန်တဲ့ အခင်းအကျင်းနဲ့အတူ အသင်းကစားသမားတွေ အဆုံးသတ်သေချာမှသာ မန်စီးတီးကို အပြန်အလှန်ထိုးဖောက်ကစားနိုင်ဖွယ်ရှိ တယ်။ မန်စီးတီးနဲ့ မန်ယူက ယခင်နှစ်အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ တွေ့ဆုံ ထား ပြီး မန်စီးတီးအသင်းက အနိုင်ယူထားတယ်။  ဒါကြောင့် ဒီနှစ်အက်ဖ်အေဖလားမှာ မန်ယူအသင်းအနေနဲ့ ရှုံးကြွေးပြန်ဆပ်ကာ အက်ဖ်အေဖလားကို (၁၃) ကြိမ်မြောက် ဆွတ်ခူးသွားနိုင်မလား သို့မဟုတ် ရှုံးကြွေးထပ်တင်ကာ ဖလားဆွတ်ခူးခွင့် လွဲချော် သွားမလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မိုးဇက်  - စုစည်းသည်