
ရန်ကုန် မေ ၂၈
မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လတွင် ကစားရမည့် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု လက်ကျန်ပွဲများအတွက် မေ ၂၈ ရက် ညနေပိုင်းမှစတင်ကာ စခန်းဝင်လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ဇွန် ၆ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အဝေးကွင်း ကစားရ မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်အသင်းနှင့်ပွဲအတွက် ပြင်ဆင်ချိန် ကိုးရက်ရရှိမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ် တွင် ကစားသမားအများစုပါဝင်ခဲ့ပြီး ပြည်ပကလပ်များတွင် ကစား နေသူအချို့သာ လာရောက်မပူးပေါင်းနိုင်သေးခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းတွင် ကစားသမားများအဖြစ် ဂိုးသမား-ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရှမ်းယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတားယူနိုက်တက်)၊ နောက်တန်း-ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ-ထိုင်း)၊ နန္ဒကျော် (ရှမ်းယူနိုက် တက်)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ သက်ဟိန်းစိုး (ရှမ်းယူနိုက် တက်)၊ ငြိမ်းချမ်း (Dagon Port)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက် တက်)၊ ဒေးဗစ်ထန် (ရန်ကုန်ယူနိုက်တက်)၊ မိုးဆွေအောင် (အား/ကာ သိပ္ပံ)၊ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ လတ်ဝေဘုန်း (ဟံသာဝတီယူနိုက်တက်)၊ ကောင်းထက်ပိုင် (Dagon Port)၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ အလယ်တန်း-ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက်တက်)၊ အာကာကျော် (မဟာယူနိုက်တက်)၊ ဝေလင်းအောင် (ရန်ကုန်ယူနိုက် တက်)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင် (ဟံသာဝတီယူနိုက် တက်)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့် (ပါကာ ဆီဘို-အင်ဒိုနီးရှား)၊ လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ ဟိန်းထက်အောင် (နီဂျီရီဆမ်ဘီလန်-မလေးရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ ရှေ့တန်း-အောင်သူ (အူထိုင်းထာနီ-ထိုင်း)၊ ဆွမ်လမန် (ပတ္တယား ယူနိုက်တက်-ထိုင်း)၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ ရဲရင့်အောင် (ရှမ်းယူနိုက်တက်)၊ ဝင်းနိုင်ထွန်း (ဘော်နီယို-အင်ဒိုနီးရှား)၊ အောင်ကောင်းမာန် (နာခွန်ရတ်ချာစီမာ-ထိုင်း) နှင့် သန်းပိုင် (ချင်းမိုင် ယူနိုက်တက်-ထိုင်း) တို့ ပါဝင်ကြသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF