
တိုကျို မေ ၃၀
ဧပြီလအတွက် တစ်ကမ္ဘာလုံး ဆိုင်ရာ ကားရောင်းချမှုများ ကျဆင်းလာကြောင်းနှင့် အထူး သဖြင့် တရုတ်နိုင်ငံတွင် ကျဆင်း လာကြောင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သူများ ဖြစ်ကြသည့် တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်းတို့က ဖော်ပြခဲ့သည်။
တိုယိုတာ မော်တော်ကား ကုမ္ပဏီသည် အစီးရေ ၇၉၇၀၀၀ ခန့် ရောင်းချခဲ့သည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သော တစ်နှစ် ကထက် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဟွန်ဒါကား ရောင်းအားသည် လည်း ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ နစ်ဆန်း ရောင်းအားသည်လည်း ၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဥရောပနှင့် တခြားဈေးကွက် များတွင် ကုန်သွယ်မှု လျင်မြန် သွက်လက်စွာ စီးဆင်းလျက် ရှိသော်လည်း တရုတ်နိုင်ငံတွင် လျှပ်စစ်ကား ပြောင်းလဲမှုများကို အလျင်အမြန် လုပ်ဆောင်နေ သောကြောင့် ကားထုတ်လုပ်သူ များသည် ရောင်းအားပြန်လည် ကောင်းမွန်ရန် ကြိုးစားနေကြ သည်။
ဂျပန်ကား ထုတ်လုပ်သူများ သည် ကမ္ဘာ့အကြီးဆုံးကား ဈေးကွက်တွင် ၎င်းတို့၏ နည်း ဗျူဟာများကို ပြန်လည်သုံးသပ် လျက်ရှိသည်။ ဟွန်ဒါမှ တာဝန် ရှိသူများက ၎င်းတို့သည် ဖက်စပ် လုပ်ငန်းတစ်ခုမှ အလုပ်သမား များအား ဆန္ဒအလျောက် နုတ်ထွက် စေလိုကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံ၌ ယခုနှစ်တွင် အီးဗွီ စက်ရုံတစ်ရုံ တည်ထောင်သွား မည့်အစီအစဉ်ကို ကြေညာခဲ့သည်။
တခြားဂျပန်ကား ထုတ်လုပ် သူများသည် တိုးတက်ကောင်းမွန် လျက်ရှိသည်။
တစ်နှစ်ထက်တစ်နှစ် မာဇဒါ ၏ ရောင်းအားတိုးတက်မှုသည် ၁ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ဆူဘရူ သည် ၇ ဒသမ ၉ ရာခိုင်နှုန်း နှင့် ဆူဇူကီးသည် ၉ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။
သို့သော်လည်း မစ်ဆူဘီရှီ သည် ရောင်းအား ၅ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒိုင်ဟက် ဆုသည် ၃၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အင်န်အိတ်ချ်ကေ