သမ္မတဟောင်းထရမ့်အား လျှို့ဝှက်ငွေပေးချေမှုအပါအဝင် ရုံးတင်စစ်ဆေးသည့်စွဲချက်အားလုံး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိ

 

နယူးယောက် မေ ၃၁
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီက ညစ်ညမ်း ကြယ်ပွင့်တစ်ဦးအား  လျှို့ဝှက်ငွေပေးချေမှုကိုဖုံးကွယ်ရန်   ကြိုးပမ်းမှုတွင်   မှတ်တမ်းအတုပြုလုပ်မှု ၃၄ မှုစလုံးတွင် အပြစ်ရှိကြောင်း မေ ၃၀ ရက်က  နယူးယောက်ရှိ ဂျူရီလူကြီးများက စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်သည် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးသော အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်လာခဲ့သည်။  
အဆိုပါလျှို့ဝှက်ငွေပေးချေမှုကိစ္စတွင် ထရမ့်နှင့် အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီဒန်နီယယ်စ်တို့ အကြား ၂၀၁၆ ခုနှစ် လိင်ပိုင်းဆိုင်ရာ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး  လူသိရှင်ကြားထုတ်ဖော်ခြင်း မပြုရန် အတွက် စတော်မီဒန်နီယယ်စ်အား ထရမ့်၏  ရှေ့နေ ဟောင်း   မိုက်ကယ်ကိုဟင်မှတစ်ဆင့်    ဒေါ်လာ ၁၃၀၀၀၀ ပေးချေခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငွေပေးချေမှုတွင် အမှန်တကယ်ငွေပေး ချေခဲ့သည့်ကိစ္စကို  ဖုံးကွယ်ရန်အတွက်    “တရားဝင် အသုံးစရိတ်”အဖြစ် မှားယွင်းစွာ မှတ်တမ်းရေးသွင်း ခဲ့ကြောင်း    အစိုးရရှေ့နေက    စွဲချက်တင်ထား သည်။ 
ယင်းအမှုကို တရားသူကြီး  ဂျူအန်မာချန်က  စီရင်ချက်ချမည့်ကြားနာမှုကို ဇူလိုင် ၁၁ ရက်တွင် လုပ်ဆောင်ရန်  အမိန့်ချမှတ်ခဲ့သည်။   ယင်းအမှု၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်လေးနှစ်ဖြစ်ပြီး အယူခံရယူပိုင်ခွင့်မရှိပေ။
လက်ရှိတွင် ထရမ့်သည် လျှို့ဝှက်ငွေပေးချေမှု ကိစ္စ၊ မာအေလာဂိုစာရွက်စာတမ်းကိစ္စ၊ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုကိစ္စနှင့်  ဇန်နဝါရီ  ၆ ရက် ကက်ပီတိုလ်   အဓိကရုဏ်းစုံစမ်းစစ်ဆေးခြင်းတို့ အပါအဝင် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာအဆင့်များ တွင်တရားစွဲဆိုမှုများ ဆက်တိုက်ခံနေရပြီး လျှို့ဝှက် ငွေပေးချေမှုကိစ္စသည် ရွေးကောက်ပွဲမတိုင်မီ စီရင် ချက်ချမည့်     တစ်ခုတည်းသောကိစ္စဟု   ယူဆရ ကြောင်း သိရသည်။     ဆင်ဟွာ၊ အင်အိတ်ချ်ကေ