အိန္ဒိယနိုင်ငံ၌ အပူလျှပ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာ

နယူးဒေလီ    ဇွန်     ၁
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ ဒေသအနှံ့အပြားသို့ ပြင်းထန်သည့် အပူလိုင်းဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါအပူလိုင်းဖြတ်မှုကြောင့် နိုင်ငံဒေသအများအပြား အထူးသဖြင့် နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အပူလျှပ်မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးမှုဖြစ်ပွားကြောင်း ဒေသတွင်း မီဒီယာများနှင့် အစိုးရတာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။ 
အပူလျှပ်မှုကြောင့် လူပေါင်း ၂၀၀ နီးပါး မူးမေ့ လဲကျမှုဖြစ်ပွားကာ   ဆေးရုံတင်ထားရကြောင်း လည်း သိရသည်။ သေဆုံးသူအများစုမှာ လူငယ် လူရွယ်များဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် တစ်ခုတည်းမှ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အခြား သေဆုံးသူများမှာ  ဒေလီ၊  မြောက်ပိုင်း ဥတာပရာ ဒေ့ရှ်ပြည်နယ်၊   အလယ်ပိုင်း  မတ်ဒရာပရာဒေ့ရှ် ပြည်နယ်၊     အရှေ့ပိုင်း    ဩဒိဿပြည်နယ်နှင့် အနောက်ပိုင်း ရာဂျာစသန်ပြည်နယ်တို့မှ ဖြစ်သည်။ 
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း  အထူး သဖြင့် ဒေလီနှင့် ရာဂျာစသန်ဒေသအနှံ့အပြားတို့မှာ အပူချိန် ၅၃ ဒီဂရီဆဲလ်စီးယပ်စ်နီးပါးအထိ မြင့်တက် ခဲ့သည်။ ပုဂ္ဂလိက သတင်းဌာန ANI က ဥတာပရာ ဒက်ရှ်ပြည်နယ် မီဇူပေါဒေသတွင် အပူချိန်လွန်ကဲမှု ကြောင့် ရွေးကောက်ပွဲတာဝန်   ထမ်းဆောင်နေ သည့်    လုံခြုံရေးဝန်ထမ်းခြောက်ဦး   သေဆုံးခဲ့ ကြောင်း ဖော်ပြထားသည်။                                                                                               
ဆင်ဟွာ