
ရန်ကုန် ဇွန် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင် နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ ကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့် အမှာစကား ပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ ငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုး တော်ဆောင်ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်နှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး တို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် အလှူရှင်အသီးသီးတို့က စုစုပေါင်း လှူဒါန်းငွေကျပ် ၅၃၃ သိန်းကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီး စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း ၆၃၃ ဖြစ်ကြောင်း သိရသည်။
အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဖွင့်လှစ်သည့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစား နှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း၌ သင်တန်းသား သင်တန်းသူ ၂၉၀ အထိ ရွေးချယ် သွားမည်ဖြစ်ပြီး အားကစားနည်း ၁၇ နည်းဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ အာကာစိုး