
နေပြည်တော် ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ဝန်ကုန်းကျေးရွာနေ ဦးကျော်နိုင် (၃၈ နှစ်) ၏ နွားစာများနှင့် မီးစက်ထားရှိသည့် သွပ်မိုး၊ ပျဉ်ကာဂိုဒေါင်အား ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က တစ်ရွာတည်းနေ ကျော်တိုး(၃၀ နှစ်)က မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဧကရာဇ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ဦးကျော်နိုင်၏ ဂိုဒေါင်မှာ တန်ဖိုးငွေလေးသိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ကျော်တိုးအား ကိုးပင်နယ်မြေရဲစခန်း(ပ)၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား