အကြမ်းဖက်အဖျက်လုပ်ရပ်များ လူထုအားဖြင့် ဟန့်တားတိုက်ဖျက်

ယနေ့တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံး၏ လိုလား ချက်မှာ နိုင်ငံတော်တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ လက်ရှိကာလနိုင်ငံအတွင်း ဒေသ အချို့မှာ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်‌ ပေါ်နေပြီး ယင်းတို့၏ဒဏ်ကို  ဒေသတွင်းနေအပြစ်မဲ့ပြည်သူများ က အဓိကခါးစည်းခံနေကြရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ် များကြောင့် အသက်အိုးအိမ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံးကြရသည့်အပြင် လူမှုဘဝများပါ ထိခိုက်နစ်နာကြရခြင်း အပေါ် သည်းမခံနိုင်ကြတော့သည့်အလျောက် အကြမ်းဖက် အဖျက်သမားတို့၏ လှုပ်ရှားမှုများ၊ လက်နက်ခဲယမ်း သယ်ဆောင် မှုများကို သတင်းပေးခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာကြသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် - ၃) ဖွင့်ပွဲအခမ်းအနားကို ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများကို ယင်းနေ့နံနက်ပိုင်းတွင်ပင် လက်နက် ခဲယမ်းများနှင့်တကွ    လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့သည်။ အကြမ်းဖက်မှုကို မလိုလားသောပြည်သူများ၏ သတင်းပေးပို့ ချက်အရ ရန်ကုန်ယူဂျီအကြမ်းဖက်အဖွဲ့ဝင် ကိုးဦးကို ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံး၊ လက်ပစ်ဗုံးနှစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး  တံတားဖွင့်ပွဲအခမ်းအနား တိုက်ခိုက်ခံရ မည့်အခြေအနေမှ ကင်းလွတ်ခဲ့ရသည်၊၊ အကယ်၍သာ ၎င်းတို့၏ အစီအစဉ်အောင်မြင်ခဲ့မည်ဆိုပါက အပြစ်မဲ့ပြည်သူများ ထိခိုက် သေကျေပျက်စီးမှုများ   ဖြစ်ပေါ်နိုင်သည့်အပြင်   တံတားဖွင့်ပွဲ အခမ်းအနားမှာလည်း   အနိဋ္ဌာရုံပုံရိပ်များနှင့်   အကျည်းတန်ခဲ့ မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး   တည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေး    အစည်းအဝေးကို  ဇွန်  ၁၀ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်     တက်‌ရောက်အမှာစကား ပြောရာတွင် “လက်ရှိအချိန်တွင်   နိုင်ငံအတွင်းရှိ   အချို့သော ဒေသများ၌  အကြမ်းဖက်မှုများ  ဖြစ်ပေါ်နေဆဲဖြစ်ပြီး  ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမားများအနေဖြင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် ရန်    ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့်   တည်ငြိမ်အေးချမ်းရေး အတွက်     လုံခြုံရေးအသိ၊      လုံခြုံရေးသတိဖြင့်    အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
 ရန်ကုန်သည်    မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေအထူထပ်ဆုံးဖြစ်သည့်အပြင် နိုင်ငံတော်၏ မျက်နှာစာ လည်းဖြစ်သည်။ အကြမ်းဖက်အဖျက်သမားများ၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကို မလိုလားသူများက ပြည်သူများအတွင်းမှာပင် အသွင်အမျိုးမျိုးဖြင့် နေထိုင်ကာ လစ်လျှင်  လစ်သလို အဖျက် အမှောင့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်နေကြခြင်းဖြစ် သည်။   ဤသည်မှာ  နိုင်ငံတော်က   ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်များနှင့်  ရှေ့လုပ်ငန်းစဉ်များ  အောင်အောင်မြင်မြင် မဖြစ်စေရန်နှင့် အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး တို့   ဖြစ်ပေါ်မလာစေရန်   နည်းလမ်းပေါင်းစုံဖြင့်     နှောင့်ယှက် ဖျက်ဆီးနေကြခြင်းပင်ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက် လှမ်းနိုင်ရေးအတွက် နိုင်ငံတော်၏  အကောင်အထည်ဖော်‌ဆောင် ရွက်ချက်များအပေါ်   အကြမ်းဖက်နည်းလမ်းများဖြင့်  ဖျက်လို ဖျက်ဆီးလုပ်နေကြခြင်းလည်းဖြစ်သည်။
တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးတို့သည် ဒီမိုက‌‌ရေစီ၏အခြေခံလိုအပ်ချက်များဖြစ်သည်။ တည်ငြိမ်အေး ချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပျက်ပြားစေရန်ပြုလုပ်မှုဟူသမျှ တို့သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်မလာ စေရန် အကြမ်းဖက်အဖျက်သမားတို့၏ အကောက်ကြံမှုများပင် ဖြစ်ရာ ပြည်သူလူထုအားဖြင့် ဟန့်တားတိုက်ဖျက်သွားကြရပါ မည့်အကြောင်း။      ။