ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိ

နေပြည်တော်     ဇွန်     ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နယ်၌    ငွေကျပ်  ၅  ဒသမ  ၇  ဘီလီယံ တန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း        မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော  ပူးပေါင်းအဖွဲ့သည်  ဇွန်  ၈  ရက်  မွန်းလွဲ   ၂   နာရီတွင်    ရှမ်းပြည်နယ်  (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ- တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင် လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ် သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့် ခိုင်းရာ       မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ်     အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီး          တိမ်း မှောက်သွားခဲ့ပြီး ယာဉ်ပေါ်ပါ မျိုးကို  (ခ)  မျိုးကြီး ကို  ဖမ်းဆီးရမိခဲ့ကာ ယာဉ်မောင်း ရဲကြီးမှာ    ထွက်ပြေး     တိမ်းရှောင်သွား ခဲ့သည်။
 အဆိုပါယာဉ်ကိုရှာဖွေရာ     ယာဉ် ပေါ်မှ        ဒေသကာလတန်ဖိုး      ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့်   အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၅၀၀၊ ကက်တမင်း ကီလို ၂၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ       သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများ   သယ်ဆောင် ရာတွင်   ပူးပေါင်းပါဝင်သူ  ယာဉ်ပိုင်ရှင် ထက်ကြည်စိုးကို ဇွန်  ၉ ရက် နံနက် ၁ နာရီတွင် ကျိုင်းတုံမြို့ ရပ်ကွက် (၃) ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ 
စစ်ဆေးချက်အရ    သိမ်းဆည်းရမိ    စိတ်ပြောင်းဆေးဝါးများကို    ရှမ်းပြည် နယ် (တောင်ပိုင်း)   ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးယာဉ်ကို ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာ     ကားကြီးကွင်းရှေ့ တွင်      ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်း ရမိ စိတ်ပြောင်းဆေးဝါးများကို ကွန်ဟိန်းမြို့နယ်မှ     တာချီလိတ်မြို့ နယ်သို့      သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်    ၎င်းတို့ကို     ဥပဒေအရ အရေးယူထားရှိကာ      ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း      သတင်း ရရှိသည်။     
  သတင်းစဉ်