
ရန်ကုန် ဇွန် ၁၂
၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇွန် ၁၃ ရက် (ယနေ့) တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် အသင်း ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲကာ ကျင်းပသွားမည်ဖြစ် သည်။ ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲဝင် အုပ်စု ၁၀ ခုမှ ထိပ်ဆုံးရပ်တည် မှုရ အသင်း ၁၀ သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရအသင်း ငါးသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ၂၀၂၅ အာရှ ဖလား ယူ-၁၇ ခြေစစ်ပွဲများကို ယခုနှစ် အောက်တိုဘာတွင် ကျင်းပမည်ဖြစ်သည်။
၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို စက်တင်ဘာ ၂၁ ရက် မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲကာ ကျင်းပ သွားမည်ဖြစ်သည်။ ခြေစစ်ပွဲဝင် အုပ်စု ၁၀ ခုမှ ထိပ်ဆုံးရပ်တည် မှုရ အသင်း ၁၀ သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရအသင်း ငါးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ရဲရင့်လွင်