
နေပြည်တော် ဇွန် ၁၃
၂ဝ၂၄ ခုနှစ် အကြိမ်(၃၀)မြောက် ကာကွယ်ရေးဦးစီး ချုပ်(လေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ် အားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ် စိုးတင်လတ် မှ တက်ရောက်အမှာစကားပြောကြားပြီး တပ်မတော်(လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်းဌာန ချုပ် အားကစားခန်းမ၌ ဆက်လက်ပြုလုပ်ရာ တောင်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲကို လေတပ်စခန်းဌာန ချုပ်များနှင့် လေတပ်စခန်းများမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန် ၁၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်